ဒေါက်! ဒေါက်! ဒေါက်!
ရုံးခန်းတံခါးခေါက်သံ သုံးချက်ကြောင့် အလုပ်ထဲ အပြည့် နှစ်ထားသည့် မောင့်ရဲ့ အာရုံတို့ဟာ ပြန့်လွင့်သွားတော့သည်၊၊
သို့သော် မောင့်ဆီသို့ လာခဲ့မည်ဟု ကြိုပြောထားသည့် ကိုကိုကြီး ဖြစ်နေတာမို့ မောင် အမြန်ပင် ဝင်ခွင့်ပြုလိုက်လေသည်၊၊*ဝင်ခဲ့ပါ *
ပြီးတာနှင့် မောင်လဲ အလုပ်စားပွဲကနေ ထကာ ပြည့်စုံ၏ အနောက်မှ ဝင်လာသည့် ကိုကိုကြီးအား ကြိုဆို လိုက်လေသည်၊၊
*Morning မြတ်မောင် *
ကိုကိုကြီးဟာ အမြဲလိုပင် ရေလိုအေးမြကြည်လင်သည့် မျက်နှာအနေအထားနှင့် လူတွေကို ဆက်ဆံလေ့ရှိသူ ပီပီ အခုလဲ မောင့်အနေနဲ့ ကိုကိုကြီး၏ အေးချမ်းသည့် မျက်နှာကြောင့် နောက်ကျိနေသည့် စိတ်များပင် ကြည်လင်သွားတော့သည်၊၊
*Morning ကိုကိုကြီး၊၊ ထိုင်ပါဦး *
မောင် ဆိုဖာခုံတွေရှိရာ ဘက်သို့ ကိုကိုကြီးအား ခေါ်သွားကာ မောင် ထိုင်နေကြဖြစ်သည့် ထိပ်ဆုံး ခုံကို ညွှန်ပြရင်း ကိုကိုကြီးအား ထိုင်စေလိုက်သည်၊၊ ထို့နောက် ပြည့်စုံအား ကိုကိုကြီး သောက်လေ့ရှိသည့် တရုတ်လက်ဖက်ရည်ကြမ်း အား ယူလာပေးရန် မှာကာ မောင်ကတော့ ကိုကိုကြီးနှင့် အနီးဆုံး ဘေးခုံမှာ ဝင်ထိုင်လိုက်လေသည်၊၊
*ကျွန်တော့် ရုံးခန်းထိ တစ်ကူးတစ်ကကြီး လာပေးရတာ ဘာများ အရေးကြီးလို့လဲဟင်၊၊ ကျွန်တော့်ကိုပဲ ခေါ်လိုက်ရင် လာခဲ့မှာပေါ့ *
*လာရင်း ကိစ္စကတော့ မြတ်မောင် စုံစမ်းခိုင်းထားတဲ့ ကောင်လေးနဲ့ ပတ်သက်နေလို့ပဲ *
ကိုကိုကြီးဟာ သူနှင့်အတူ ယူလာသည့် စက္ကူအိတ်လေးအား မောင့်အရှေ့သို့ ချပေးလာလေသည်၊၊ ကြည့်ရတာ ဇမ့်ရဲ့ အကြောင်း ဖြစ်နိုင်ပေသည်၊၊ ဒါ့ကြောင့် မောင်လဲ ထိုစက္ကူအိတ်ကလေးအား ကောက်ယူကာ တွန့်ဆုန့်ခြင်းမရှိ ဖွင့်ကြည့်လိုက်တော့သည်၊၊
ထိုစာအိတ်ထဲရှိ အချက်အလက်များဟာ မောင့်အား ထိတ်လန့်စေမည်ဟု မောင်ဘယ်တုန်းကမှ မထင်ခဲ့ဖူးပေ၊၊ သို့သော် ပုံသက်သေများနှင့်၊ အချက်အလက် သက်သေများပါ အတူတစ်ကွ ပါလာသည့် အခါ မောင့် အနေနဲ့ ဘာပြောရမှန်းကို မသိတော့အောင် ဖြစ်သွားရတော့သည်၊၊

YOU ARE READING
Mr. Submissive
عاطفية"A Master without a submissive is a guy. Just a guy. " #Quotestest.com