Part-73

10.3K 538 41
                                        

Location>>>Switzerland, Thun city

ကမ္ဘာ့အလှဆုံးစာရင်းဝင် နိုင်ငံတစ်ဖြစ်လဲ Switzerland နိုင်ငံဟာ ရာသီဥတု၊ မြေနေရာအနေအထားအပြင်၊ လူနေမှုထူထပ်မှုနည်းပါးလှသည့် နေချင်စဖွယ် နိုင်ငံတစ်ခုဖြစ်ပေသည်၊၊ Thun မြို့သည် Lake Thun ၏ အနောက်မြောက်ဘက်တွင် တည်ရှိပြီး Bernese Oberland ၏ တံခါးပေါက်ဟုလည်း တင်စားခေါ်ဝေါ်ကြလေသည်၊၊

လူနေအိမ်များနှင့် အတော်အတန်လှမ်းသော်လည်း ကုန်းမြင့်တစ်နေရာ၌ တည်ဆောက်ထားသည့် စံအိမ်ကြီး၏ လေသာဆောင်တွင် သက်လတ်ပိုင်းလူတစ်ယောက် မတ်တပ်ရပ်လို့နေလေသည်၊၊ လက်ထဲ၌ နီရဲနေသည့် ဝိုင်တစ်ခွက်အား လှုပ်ကာ ကိုင်ရင်း လှမ်းမြင်နေရသည့် Lake Thun အား ကြည့်ရင်းဖြင့် အတွေးနယ်ချဲ့လို့နေလေသည်၊၊

ထိုအချိန်၌ပင် ဖိနပ်ခွာမှထွက်သည့် ခြေသံဟာ ထိုလူကြီး၏ အနောက် သုံးလှမ်းအကွာမှာ ရပ်တန့်သွားကာ ဝတ်စုံနက် ဝတ်ထားသည့် လူတစ်ယောက်ဟာ ထိုလူ့ထံ အရိုအသေပေးလာလေသည်၊၊

*သူနိုးလာပါပြီ သခင်ကြီး *

ထိုသတင်းစကားအား ကြားသည့်အခါ ထိုလူဟာ လက်ထဲရှိ ဝိုင်ခွက်အား တစ်စက်မကျန် အကုန်မော့သောက်လိုက်လေသည်၊၊

*သူ့ဆီ သွားမယ် *

ထို့နောက် သူကိုယ်တိုင်ပင် ဦးဆောင်ကာ မြင့်မားလှသည့် စံအိမ်ကြီး၏ တတိယမြောက်အထပ်သို့ တက်သွားလေတော့သည်၊၊ စံအိမ်တစ်ခုလုံးဟာ ရှေးဟောင်း အုတ်ချပ်များနှင့်သာ တည်ဆောက်ထားသည်မို့ အငွေ့အသက်ဟာ လွန်စွာမှ တိတ်ဆိတ်ငြိမ်သက်လွန်းလှပေသည်၊၊

တတိယထပ်သို့ ရောက်သောအခါ လျှောက်လမ်းအဆုံးရှိ တစ်ခုတည်းသော အခန်းရှေ့သို့ လျှောက်သွားလိုက်လေသည်၊၊ ထို့နောက် မြင့်မားလှသည့် ကျွန်းတံခါးကြီးအရှေ့၌ ရပ်ကာ အထဲမှ တစ်စတစ်စထွက်လာသည့် ဆူညံသံများအား ခေတ္တရပ်ကာ နားထောင်လိုက်လေသည်၊၊

*အား!! ငါ့ကိုလွှတ်! မင်းတို့က ဘယ်သူတွေလဲ !! ငါကကော ဘာလို့ မသေရသေးတာလဲ အား!!*

ခွမ်း! ခွမ်း!

အစကတော့ ဒီအတိုင်းသာ ရပ်ရင်း နားထောင်နေသော်လည်း ပစ္စည်းများ ကွဲကျသည့်အသံပါ ထွက်လာသည့်အခါမှာတော့ ထိုလူကြီးဟာ ဆက်၍ ရပ်မနေတော့ပေ၊၊ ထို့ကြောင့် အနောက်နားတွင် အတူလိုက်ပါလာသည့် အတွင်းရေးမှူးဖြစ်သူအား လှည့်ပင်မကြည့်ပဲ အမိန့်တစ်ခုပေးလိုက်လေသည်၊၊

Mr. SubmissiveWhere stories live. Discover now