Part-50

10.9K 691 42
                                    

တစ်ပတ်တာလုံး ဇယ်ဆက်သလို schedule များနှင့် လုံးပန်းအပြီးမှာတော့ အားလပ်ရက်တစ်ရက်ကို နိုင်နိုင်း ရရှိခဲ့လေသည်၊၊ လွန်ခဲ့သော ရက်က ကိုထူးနဲ့ အတူရှာခဲ့တဲ့ ပြသာနာအပြီးမှာ Daddy ဟာ အကြီးအကျယ် စိတ်ဆိုးသွားတာမို့ ဒီတစ်ပတ်လုံးရဲ့ schedule များကို နိုင်နိုင်းမလျော့ရဲပဲ တစ်ခုမကျန်အကုန် လုပ်နေရပေသည်၊၊

ကျောင်းလဲ ပုံမှန်တတ်ရသည်၊၊ စာကျက်ချိန်မှာလဲ စာကြည့်စားပွဲမှာ ရှိနေရသည်၊၊ ပြီးနောက် လက်ခံထားသည့် အချို့ ကြော်ငြာများအတွက်လဲ ရိုက်ကွင်းကို ပြေးရသေးသည်၊၊ ဒါတင် မကသေးပေ၊ တစ်ဖက်မှာလဲ Daddy ၏ လုပ်ငန်းများကို နေ့စဥ်နှင့်အမျှ လေ့လာ နေရသေးပေသည်၊၊ ဒီလို ရှည်လျားလှတဲ့ တစ်ပတ်တာလုံးကို ကြိုးစားပြီး ဖြတ်ကျော်အပြီးမှာတော့ ယနေ့မှာ နိုင်နိုင်းအတွက် ပိတ်ရက်တစ်ရက်ရပေသည်၊၊ ထို့အတူပင် ရုံးပိတ်ရက်ဖြစ်တာမို့ Daddy လဲ အိမ်မှာ ရှိနေပေသည်၊၊

ပိတ်ရက်လို့ ပြောပေမယ့်လဲ စာကြည့်ခန်းထဲမှာပဲ အချိန်ကုန်လေ့ ရှိသည့် Daddy ကြောင့် နိုင်နိုင်းကပါ စာကြည့်ခန်းထဲ လိုက်ထိုင်ကာ လုပ်ငန်းလည်ပတ်မှုတွေကို အနီးကပ်လေ့လာ ဖြစ်သွားတော့သည်၊၊ ပြောရရင်တော့ Daddy ဆီက မျက်နှာကောင်း ပြန်ရချင်လို့ပင် ဖြစ်သည်၊၊

နိုင်နိုင်းတို့အိမ်၌ စာကြည့်ခန်း နှစ်ခန်းရှိပြီး Daddy အသုံးပြုသည့် အခန်းဟာ ပုံမှန်အိပ်ခန်းတစ်ခန်းလောက် ကျယ်ဝန်းလှပေသည်၊၊ နံရံကပ် စာအုပ်စင် အမြင့်ကြီးတွေ ထားရှိထားသည့် အပြင် စာဖတ်ရာတွင် သုံးသည့် dream bed ၊ မီးအိမ်အရှည်၊ ဆက်တီ ၊ Tea table အပြင် အခြား တန်ဖိုးကြီး ပရိဘောဂများနှင့်လဲ အလှဆင်ထားသေးပေသည်၊၊

နိုင်နိုင်းအနေနဲ့ကတော့ ဆိုဖာခုံအရှည်ကြီးပေါ်တွင် ထိုင်ကာ စတော်ဘယ်ရီသီး ပန်းကန်ကို ပေါင်ကြားထဲထည့်ရင်း ipad တစ်လုံးနဲ့ လုပ်ငန်းဆိုင်ရာများကို လေ့လာနေခြင်း ဖြစ်ပေသည်၊၊ သို့သော် ဒီနေ့မှာတော့ နိုင်နိုင်းရဲ့ စိတ်တို့ဟာ တည်ငြိမ်မနေခဲ့ပါ၊၊ Ipad ကို ကြည့်သလိုလိုနဲ့ အလုပ်စားပွဲမှာ laptop တစ်လုံးနှင့် အလုပ်ရှုပ်နေသည့် Daddy ကို ခိုးခိုးကြည့်ရင်း ပြောစရာရှိသည့် စကားများကို ပြောသင့် ၊ မပြောသင့် ချင့်ချိန်နေရလေသည်၊၊

Mr. SubmissiveWhere stories live. Discover now