HM Entertainment ဆိုတဲ့ အဆောက်အအုံ ရှေ့တွင် Company ရဲ့ ပဲ့ကိုင်ရှင်ဖြစ်သူ Boss ထူးမြတ်မောင်ရဲ့ ကားလေးဟာ ဆိုက်ရောက်လာလေသည်။ ခုနောက်ပိုင်း အလုပ်တက်ချိန်မှန်နေတဲ့ Boss ဖြစ်သူဟာ ယနေ့လဲ ပုံမှန်ရုံးတက်ချိန်ကို မိနစ်ပိုင်းတောင် မစွန်းပဲ ရောက်လာတာကြောင့် ဝန်ထမ်းတွေ အားလုံးမှာ အမြဲသတိကပ်နေရလေသည်။
ဒီနေ့တော့ Boss ဟာ အရင်ကလို suit ကြီးနဲ့မဟုတ်တော့ပဲ လူငယ်ဆန်ဆန် Tshirt အနက်ရောင်ပေါ်မှာ jacketပွပွတစ်ထည် ထပ်ဝတ်ထားပြီး ဂျင်းဘောင်းဘီ အကျပ်ကို branded ခါးပတ်နဲ့အတူ ဝတ်ဆင်ထားပြီး တက်ကြွလန်းဆန်းပုံပေါ်နေတာမို့ တစ်ပတ်တာရဲ့ အစရက်ပင် ဖြစ်လင့်ကစား ဝန်ထမ်းများမှာလဲ သူတို့ Boss ကိုကြည့်ကာ တစ်ပတ်တာကို စရန် အားတင်းထားရတော့သည်။
*Morning ပါ Boss *
မောင် သူ့ရဲ့ သွက်လက်တဲ့ ခြေလှမ်းတွေနဲ့အတူ Lobby ကို ဖြတ်လာစဥ် အရိုအသေပေးနေကြတဲ့ ဝန်ထမ်းအားလုံးကို အပြုံးမမြည်တဲ့ အပြုံးလေး တစ်ခုတည်းကိုသာ ပြန်ပေးနိုင်လေသည်။ အားလုံးရဲ့ အမြင်မှာတော့ သူဟာ တနင်္လာနေ့မှာ တက်ကြွလန်းဆန်းစေတဲ့ fashion ကို ဝတ်လာပြီး အလုပ်တက်ရတာ ပျော်ရွှင်နေတယ်လို့ ထင်နေသလားတော့မသိပေမယ့် မောင်ကတော့ ကိုယ့်အပြစ်နဲ့ကိုယ် Lucifer ပေးတဲ့ အပြစ်ကို ခံယူနေရစဥ် ကာလမို့ ဒီလို fashion ကို ရွေးချယ်ခဲ့ရခြင်း ဖြစ်ပေသည်။
ဘယ်သူမှတော့ သတိထားမိမှာ မဟုတ်ပေမယ့် မောင်ကတော့ လမ်းတစ်လှမ်းလျှောက်တိုင်းမှာ နာကျင်နေတဲ့ ရင်ဘက်ပေါ်က နေရာနှစ်နေရာကြောင့် စိတ်မလုံမလဲ ဖြစ်နေရပေသည်။ ဒါ့ကြောင့် အမြန် ရုံးခန်းရောက်ရန် မြန်နိုင်သမျှမြန်အောင် လျှောက်နေရပေမယ့်လဲ အရမ်းကြီးတော့ အိန္ဒြေမရှိတဲ့ပုံ မပေါက်အောင်လဲ ထိန်းသိမ်းရသေးသည်။ ဘယ်လိုပဲ သူအခက်တွေ့နေပါစေ သူ့ရဲ့ Boss image ဆိုတာက ရှိသေးသည် မဟုတ်ပါလား။
တင်!
နောက်ဆုံးတော့ တစ်လမ်းလုံးကို အားတင်းကာ ဖြတ်လာရင်း ရုံးခန်းရှိတဲ့ အထပ်ကို ရောက်လာပြီမို့ မောင် ဓာတ်လှေကားထဲက မထွက်ခင် သက်ပျင်းချလိုက်သေးသည်။
YOU ARE READING
Mr. Submissive
Romance"A Master without a submissive is a guy. Just a guy. " #Quotestest.com