Part-35

11.7K 668 41
                                        

ကြီးမားလှတဲ့ HM company ရဲ့ ပွဲကျင်းပရာ ဟောခန်းကြီးဟာ ယနေ့တွင် တန်ဖိုးကြီး အပြင်အဆင်များကြောင့် ပိုလို့ပင် ခမ်းနားလွန်းနေလေသည်၊၊
ခန်းမအတွင်းမှာလဲ စားပွဲဝိုင်းများစွာ ရှိပြီး ဖိတ်ကြားထားသည့် ဧည့်သည်တော်များ နှင့် media များဟာလဲ စုံလင်စွာ ရောက်ရှိလို့နေပြီ ဖြစ်လေသည်၊၊

မောင်ကတော့ ထိပ်ဆုံးက VVIP ဝိုင်းမှာ ထိုင်ရင်း Company ရဲ့ အကြီးပိုင်း ရှယ်ယာရှင်များနှင့်အတူ စကားစမြည်ပြောလို့နေလေသည်၊၊ ဒီနေ့အဖို့ မောင့်ရဲ့ မိသားစုတွေလဲ တက်ရောက်တာမို့ မောင့်မှာ နေရကျပ်နေတာတော့ အမှန်ပင် ဖြစ်သည်၊၊

ထို့အပြင် ခုံမှာ ထိုင်ချလိုက်တာနှင့် ချက်ချင်းကို အစွမ်းပြလာသည့် စတီးလုံးလေးတွေကြောင့်လဲ မောင် ကောင်းကောင်းကို ဖင်ချပြီး မထိုင်ရဲတာ အမှန်ပင် ဖြစ်သည်၊၊ Stage စင်နဲ့အနီးဆုံး VVIP ဝိုင်းမှာ ထိုင်ကာ ဝိုင်တစ်ခွက်ကို ဟန်ပါပါသောက်ရင်း လုပ်ငန်းရှင်များနှင့် စကားလက်စုံကြနေသည့် မောင့်ရဲ့ ပုံရိပ်ဟာ သိပ်ကို ထက်မြက်စူးရှသည့်ပုံ ပေါ်လွန်းနေသည်၊၊ ထို့အပြင် ဒီနေ့ရဲ့ အဓိက ဇာတ်ကောင်လဲ ဖြစ်နေပြန်တော့ မောင့်မှာ ပွဲထဲကိုပင် အကြည့်မကစားရဲပေ၊၊ မောင် ပွဲထဲကို အကြည့်ရောက်လိုက်တာနှင့် မောင်နှင့် မျက်လုံးချင်းဆုံအောင် ကြိုးစားပြီး မိတ်ဆက်ချင်သူများဟာ သိပ်ကို များပြားလွန်းလှသည်၊၊

ထို့အပြင် မေမေပါ ပွဲထဲရောက်နေသဖြင့် မောင့်ကို ခုံကနေ ခဏခဏ လာခေါ်ကာ အခြားလုပ်ငန်းရှင်တွေရဲ့ သမီးများနှင့် မိတ်ဆက်ပေးရတာက အလုပ်တစ်ခုလို ဖြစ်နေသေးသည်၊၊လှုပ်ရှားလိုက်တိုင်း အတွင်းသားတွေကို ပွတ်တိုက်ကာ ရင်ထဲ လှိုက်ကနဲ လှိုက်ကနဲ ဖြစ်အောင် လုပ်နေသည့် အလုံးလေးတွေဟာလဲ လှုပ်ရှားမှု များလာတာနှင့်အမျှ ပိုလို့ ဒုက္ခပေးလာလေတော့သည်၊၊

ပွဲအစီအစဥ်အရ မောင် မိတ်ဆက်စကားပြောမည့် အချိန်ကလဲ လိုသေးတာမို့ မောင် စိတ်လွှတ်ပြီး ထကြွလို့ကလဲ မရသေးပေ၊၊စတိုင်အပြည်နဲ့ စင်ပေါ် တက်သွားကာမှ မထကြွသင့်တာတွေ ထကြွနေလျှင် media များရဲ့ ခေါင်းကြီးပိုင်းမှာ ထူးမြတ်မောင် နာမည်ကြီးပဲ တစ်ပတ်လောက် နေရာယူနေဦးမှာလဲ ဆိုးရသေးသည်၊၊  ဒါ့ကြောင့် နောက်ဆုံး မေမေ့ကို လာမရှုပ်ရန် အပြတ်ပြောလိုက်ပြီး ခုံမှာ ပြန်လာထိုင်လိုက်မှသာ လူက နေရတာ အသက်ရှူဝသွားတော့သည်၊၊

Mr. SubmissiveWhere stories live. Discover now