Part-46

9.8K 755 193
                                    

မနေ့ညက club သွားရာကနေ ပြသာပေါင်း သောင်းခြောက်ထောင်လောက်တက်ခဲ့ အပြီးမှာတော့ အိမ်ပြန်ရောက်ရောက်ခြင်း မောင် ရေပင်မချိုးနိုင်တော့ တန်းကာ အိပ်ပျော်သွားခဲ့လေသည်၊၊ ထို့အပြင် မနက်စောစော ထနေကြအချိန်တွင် ပုံမှန်ပဲ နိုးလာတာမို့ gym တွေဘာတွေဆော့ကာ မောင် သွက်လက်စွာပင် ရုံးတက်လာခဲ့တော့သည်၊၊

ဒီနေ့မှ မောင့်ရဲ့ မျက်နှာဟာ ပုံမှန်ထပ်ပိုပြီး လန်းဆန်းတက်ကြွနေပြီး ခြေလှမ်း လှမ်းလိုက်တိုင်း မြေကြီးနဲ့မထိသလိုပင် ခံစားနေရသည်၊၊ အကြောင်းမှာတော့ မနေ့က ကိစ္စကို ကိုကိုကြီးကော၊ Lucifer ပါ မသိအောင် သေချာလှည့်ပတ်နိုင်ခဲ့သောကြောင့် ဖြစ်သည်၊၊

*Boss ဒီနေ့ မျက်နှာက အလင်းရောင်တွေ ထွက်နေပါလား၊၊ ပျော်စရာ ကိစ္စများ ရှိလို့လား *

ပြည့်စုံက မောင့်နောက်ကနေ လိုက်ကာ လမ်းလျှောက်ရင်း မေးလာလေသည်၊၊ ဒါ့ကြောင့်မောင်လဲ ဘောင်းဘီ အိတ်ကပ်ထဲကို လက်တစ်ဖက်ထည့်လိုက်ကာ အထာကျကျ စတိုင်ဖမ်းလိုက်ပြီး  မျက်နှာထက် အပြုံးတစ်ပွင့်ကို ဖြစ်ထွန်းစေလိုက်သည်၊၊

*ဒီလိုပါပဲ *

ထို့နောက် နှစ်ယောက်သား စကားတစ်ပြောပြောနှင့်ပင် ဓာတ်လှေကားထဲဝင်ကာ ရုံးခန်းရှိရာဆီသို့ တက်လာခဲ့လိုက်တော့သည်၊၊

မောင် ရုံးခန်းထဲရောက်တာနှင့် အပေါ် coat ကို ချွတ်ကာ ဘေးက hanger မှာ သေချာချိတ်လိုက်ပြီး တက်တက်ကြွကြွပဲ အလုပ်စားပွဲမှာ ဝင်ထိုင်ကာ တစ်နေ့တာအတွက် အလုပ်လုပ်ရန် အသင့် ပြင်ထားလိုက်တော့သည်၊၊

*Boss ကော်ဖီသောက်ဦးမလား၊၊ ကျွန်တော်ယူလာပေးမယ်လေ *

ပြည့်စုံက မောင့် အတွက် ဖိုင်တွဲတွေ ယူလာပေးရင်း မေးလာသဖြင့် မောင် အသာပြုံးကာ အဖြေပေးလိုက်သည်၊၊

*တော်ပြီ၊၊ အဲ့အစား အသီးခြောက်တစ်ခုခုကိုပဲ ရေနွေးစိမ်လာခဲ့ပေး *

*ဟုတ်ကဲ့ Boss *

ထို့နောက် ပြည့်စုံက သူ့ပုံစံအတိုင်းပဲ သွက်သွက်လက်လက်နှင့် ဖိုင်များကို စီပေးကာ ထွက်သွားလေတော့သည်၊၊ အမြဲတမ်း လချုပ်စာရင်းတွေကို စစ်ပေးရမယ်ဆို စိတ်တိုနေတတ်တဲ့ မောင်ဟာ ယနေ့မှာတော့ မျက်စိရှေ့က အရာရာတိုင်းဟာ လှပနေသယောင် ခံစားရပေသည်၊၊

Mr. SubmissiveWhere stories live. Discover now