Part-12

14.3K 693 75
                                    

နေအတော်အတန်မြင့်နေပြီဖြစ်တဲ့ နံနက်ခင်းတစ်ခုမှာ နှစ်ထပ်တိုက်အိမ်ကြီးရဲ့ အပေါ်ဆုံးထပ် အခန်းထဲမှ ကောင်လေးတစ်ယောက်ဟာတော့ အိမ်မောကျနေဆဲပင် ဖြစ်ပေသည်။ ဒါပေမယ့်လဲ အခန်းပြတင်းပေါက်ဆီမှ အလုအရက်တိုးဝင်လာကြတဲ့ နေရောင်တွေကတော့ ထိုကောင်လေးကို ဒီထပ်ပိုကြာကြာ အိပ်ခွင့်မပေးတော့ပေ။

*ဝါး...အွန်း *

နိုင်နိုင်းတစ်ယောက် မျက်နှာတည့်တည့်ကို ထိုးလာတဲ့ နေရောင်ကြောင့် ဆက်ပြီးမအိပ်နိုင်တော့ပေ။ ဒါ့ကြောင့် အကျောဆန့်ကာ မထချင်ပဲ ထလိုက်ရတော့သည်။ နံရံပေါ်က နာရီကိုကြည့်လိုက်တော့ နံနက် ၁၀ နာရီပင် ထိုးနေလေပြီ။

ပုံမှန်တော့ နိုင်နိုင်းရဲ့ ထချိန်က ဒီအချိန်မဟုတ်ပေမယ့် ဒီနေ့ဟာ အားလပ်ရက်ဖြစ်တာမို့ Daddy က သူ့ကို ဘာမှ မပြောပဲ လွှတ်ထားပေးခြင်းဖြစ်ပေသည်။ နိုးနေလက်စမို့ နိုင်းနိုင်းလဲ မျက်နှာသစ်သွားတိုက်ကာ ရေပါတစ်ခါတည်းချိုးလိုက်ပြီး Daddy ရဲ့ အခန်းဆီသို့ ထွက်လာခဲ့တော့သည်။

နိုင်နိုင်းနဲ့ Daddy က စည်းကျော်ထားတဲ့ ရင်းနှီးမှုတွေပေမယ့် Daddy က နိုင်နိုင်းကို လူငယ် တစ်ယောက်ရဲ့ လွတ်လပ်ခွင့်တွေ အပြည့် ပေးထားပေသည်။
ကိုယ်ပိုင်အခန်းကိုပဲ ဆက်သုံးစေကာ၊ Daddy ကလဲ သူ့အခန်းမှာပဲ သူ သီးသန့်နေပေသည်။

ဒေါက်...ဒေါက်...

ဒီနေ့ဟာ အလုပ်နားရက်မို့ ဒီအချိန်လောက်ဆို Daddy က စာကြည့်ခန်းထဲမှာသာ ရှိနေနိုင်တာမို့  နိုင်နိုင်းက Daddy ရဲ့  စာကြည့်ခန်း တံခါးကိုသာ ခေါက်လိုက်လေသည်။ ဒါပေမယ့် တော်ရုံနဲ့ ပြန်ဖြေသံမကြားတာမို့ အိပ်ခန်းမှာရှိမည်အထင်နှင့် သွားရှာတော့လဲ အိပ်ခန်းထဲမှာလဲ မရှိပေ။

ဒါ့ကြောင့် မနက်စာပဲ စားရန် အောက်ထပ်သို့ နိုင်နိုင်း ဆင်းလာခဲ့တော့သည်။ ဒါပေမယ့် နိုင်နိုင်း အောက်ထပ်သို့ မရောက်ခင် လှေကားရင်းမှာတင် ဧည့်ခန်းထဲမှ Daddy ရဲ့ အမေဖြစ်သူရဲ့ အသံကို ကြားလိုက်ရလေသည်။

*အမ်! မေမေကြီး ရောက်နေတာပါလား *

*မေမေတို့ဘက်ကိုလည်း ကြည့်ပေးပါဦး သားရယ်။ မေမေတို့မှာ သားတစ်ယောက်တည်းရှိတာ ဒီတိုင်း မျိုးဆက်ပြတ်ခံတော့မလို့လား *

Mr. SubmissiveWhere stories live. Discover now