Part-29

10.4K 715 44
                                    

မြို့လယ်ခေါင်တည့်တည့်မှာ ထင်းထင်းကြီးရှိနေတဲ့ အဆောက်အဦးတစ်ခု၊၊ HM Entertainment ဆိုတဲ့ စာလုံးကြီးထင်းနေသည့် ထိုအဆောက်အဦးဟာ အနုပညာလောကရဲ့ ထိပ်တန်း Company တစ်ခု ဖြစ်ပေသည်၊၊

ထို Entertainment ရဲ့ အပေါ်ဆုံးအထပ် CEO ရုံးခန်းထဲတွင်တော့ ဒီ Company ကြီးရဲ့ ပဲ့ကိုင်ရှင်ဟာ အလုပ်များကာ ဆူညံနေတဲ့  ပတ်ဝန်းကျင်ကိုပင် ဂရုမစိုက်နိုင်ပဲ လွန်စွာ သူ့ကိစ္စနှင့်သူ အလုပ်များနေပုံ ပေါ်လေသည်၊၊ 

မောင်တစ်ယောက် သူ့ရဲ့ အလုပ်စားပွဲ‌ေပါ်မှာ လက်မှတ်ထိုးပေးရမယ့် file တွေ ပုံနေပေမယ့် လောလောဆယ်မှာတော့ ထို file တွေ အပေါ် အာရုံမစိုက်နိုင်သေးပေ၊၊ ပြောင်လက်နေတဲ့ ကျွန်းစားပွဲပေါ်မှာ  A4 အထပ်လိုက်ကို ချကာ လက်မှတ်ထိုးလျှင် သုံးနေကြ ဖောင်တိန်လေးနဲ့ မောင် တစ်ယောက် အပြစ်ဝန်ခံစာ ရေးနေသောကြောင့်ပင် ဖြစ်သည်၊၊

ထိုကိစ္စရဲ့ အဓိက တရားခံကတော့ မနေ့ညက အပြင်မှာ လုပ်ငန်းရှင်တွေနဲ့ တွေ့ပြီး သောက်ခဲ့တာ ပုံမှန်ထပ် များသွားသဖြင့် မနက် အိပ်ရာထ နောက်ကျသောကြောင့် ဖြစ်ပေသည်၊၊ တကယ်တော့ အိပ်ရာထ နောက်ကျတာ ပြသာနာတော့မဟုတ်၊၊ ဒါပေမယ့် ပုံမှန်ထပ် နောက်ကျမှ နိုးတော့ မနက်ပိုင်း gym လဲ မဆော့ဖြစ်၊ ရုံးမနောက်ကျအောင် တက်ဖို့ လောလော လောလောနဲ့ ပြင်ဆင်ရသဖြင့် မနက်စာလဲ မစားခဲ့ရ၊၊ အဲ့တာတွေက Lucifer သာ မသိသွားရင်  အဆင်ပြေနေသေးသည်၊၊ ဒါပေမယ့် Lucifer ဖုန်းခေါ်တဲ့ အချိန်မှာ အိပ်နေတာမို့ မကိုင်လိုက်မိပေ၊၊ အဲ့မှာ ဟိုက မိ သွားပြီး အမှန်အတိုင်း မပြောလို့ကလဲ မရတာမို့ မောင် ဝန်ခံလိုက်ရတော့သည်၊၊

သောက်ခဲ့တာက လုပ်ငန်းကိစ္စမို့ အပြစ်မပြောလိုပေမယ့် မနက်ပိုင်းလုပ်ရမဲ့ ကိစ္စတွေ ဘာမှ မလုပ်ဖြစ်သဖြင့် Lucifer က မောင့်ကို စိတ်တိုတော့သည်၊၊ ပြီးခဲ့တဲ့ ချာလီရဲ့ Fashion show ပြီးကတည်းက ပိုလို့ မအားလပ်တဲ့ Lucifer ဟာ မောင့်ကို လူချင်းတွေ့ပြီး အပြ‌စ်  မပေးနိုင်ပေ၊၊ အဲ့အစား ရုံးလာတဲ့ လမ်းတစ်လျှောက်လုံး နားပူလောက်အောင် အဆူခံလာရလေသည်၊၊ နောက်ဆုံးတော့ မောင့်အတွက် ဆုံးဖြတ်ပေးလိုက်တဲ့ အပြစ်ဒဏ်က အပြစ်ဝန်ခံစာ အရွက် ငါးဆယ် ရေးဖို့ ဖြစ်ပေသည်၊၊ ပြီးလျှင် ညပိုင်းတော့ အားတာမို့ ကွန်ဒိုကို လာခဲ့ရန်လဲ မှာလိုက်သေးသည်၊၊ 

Mr. SubmissiveWhere stories live. Discover now