Part-24

12.5K 726 61
                                    

*သူလွတ်လာပြီ Boss *

သူ့ရဲ့ လျှို့ဝှက်အေးဂျင့်​​ဖြစ်သူ Laila ဆီကနေ ကြားလိုက်ရတဲ့ စကားကြောင့် ကိုကိုကြီး laptop ဆီမှာ အကြည့်ရောက်နေရင်းပင် မျက်ခုံးအစုံတို့ တွန့်ချိုးသွားရလေသည်။ ထို့နောက် laptop ဆီကနေ အကြည့်ခွာလိုက်ကာ ခုံကိုမှီကာ ထိုင်လိုက်ပြီး ဆက်ပြောလာမည့် အကြောင်းကို အာရုံစိုက်ကာ နားထောင်ပေးလိုက်သည်။

* လွတ်လာတာတော့ သုံးရက်လောက်ရှိပြီလို့ သိရပါတယ် Boss ။ အခုတော့ ထိုင်းနယ်စပ်ဘက်မှာ ရောက်နေတယ်လို့ သတင်းရပါတယ် *

ကိုကိုကြီးရဲ့ လျှို့ဝှက်ခန့်ထားတဲ့ အေးဂျင့်ဖြစ်သူ Laila ဟာ ထက်မြက်ကာ ပေါ့ပါးသွက်လက်သည့် အမျိုးသမီးလေး တစ်ယောက်ဖြစ်ပေသည်။ Laila ဟာ ကျစ်လစ်ကာ အချိုးကျသည့် ခန္ဓာကိုယ်ရှိပြီး သူ့ရဲ့ နက်မှောင်နေတဲ့ ဆံပင်ရှည်ကို အပြောင်သိမ်းကာ မြှောက်စည်းထားတတ်သည်။ အမြဲ ဆိုက်ကယ်တစ်စီးနဲ့သာ သွားလာတတ်သူမို့ ခုလဲ leather jacket နဲ့ ဂျင်းဘောင်းဘီအပြဲသာ ဝတ်ဆင်ထားကာ ကိုကိုကြီးရဲ့ ရုံးခန်းထဲရောက်နေခြင်း ဖြစ်ပေသည်။ ဒါပေမယ့် Laila ဟာ သေချာ လေ့ကျင့်ပေးခံထားရတဲ့ သူမို့ ကိုကိုကြီးရဲ့ ဘေးမှာ ရပ်နေတဲ့ အချိန် အမြဲ လက်ကိုနောက်ပစ်ကာ ပုံစံတစ်ကျနှင့်ပင် ဖြစ်သည်။

Laila ဟာ ကိုကိုကြီးအတွက်ဆို လူလဲရိုက်ရဲသည်။ လူတစ်ယောက်ဘဝကိုလဲ မျက်တောင်မခတ်ပဲ ဖျက်စီးရဲသည်။ နောက်ဆုံး ကိုကိုကြီး အတွက်သာဆိုလျှင် လူတောင်သတ်ပေးမည့် သူမျိုးဖြစ်ပြီး ၊အလိုရှိလျှင် သူမ အသက်ကိုပါ ပေးနိုင်သည့် သူမျိုးဖြစ်ပေသည်။  သူမဘဝအတွက်တော့ ကိုကိုကြီးကသာလျှင် သူမအသက်ဆက်ရှင်ဖို့ အလင်းရောင်လေးပင် ဖြစ်သည်။

*Laila... မင်း အခုတလော ဒီအလုပ်လုပ်ရတာ ငြီးငွေ့နေပြီလား   *

Laila တစ်ယောက် မတ်မတ်ရပ်နေရင်းမှ ကိုကိုကြီး ဆီက ထွက်လာတဲ့ အေးချမ်းတဲ့ လေသံနဲ့ သတိပေး စကားကြောင့် ခန္ဓာကိုယ်လေးက ပိုလို့တောင် တောင့်တင်းသွားရပေသည်။ ငယ်စဥ်ကတည်းက သူမသိခဲ့တဲ့ ကိုကိုကြီးရဲ့ အမူအရာတွေအရ ဒါဟာ သူ့အပေါ် စိတ်တိုင်းမကျဘူးလို့ ပြောနေတာဖြစ်ပေသည်။ ကြိမ်းသေတာကတော့ ဟိုလူ လွတ်လာတာကို သုံးရက်အကြာမှ သူမ သိခဲ့တာကို စိတ်တိုင်းမကျဘူး ထင်ပါ၏။

Mr. SubmissiveWhere stories live. Discover now