Part-69

7.1K 608 22
                                    

ရက်ပေါင်း ဆယ်ရက်ကျော်လောက် မွန်းကြပ်စရာကောင်းလှသည့် ဆေးရုံခန်းထဲ၌ တူညီစွာပင် နိုးထလာရသော ရက်အစား ယနေ့မှာတော့ မောင်ဟာ ရင်းနှီးလွန်းနေတဲ့ mint ရနံံ့ သင်းသင်းလေးနှင့်အတူ နိုးထလာခဲ့ရတော့သည်၊၊

မောင် နိုးနေသည်မှာ ကြာပြီဖြစ်သော်လည်း မျက်လုံးမဖွင့်မိပေ၊၊ နွေးထွေးလွန်းသည့် လက်မောင်းတစ်စုံ ကြားတွင် ခန္ဓာကိုယ်ကြီးနှင့်မှမလိုက် အတင်းတွန်းထိုးကာ ပေကပ်ရင်း ဆက်မှိန်းနေမိပေသည်၊၊ ဤအခိုက်အတန့်လေးဟာ မောင့်အတွက် လွန်စွာမှ တန်ဖိုးရှိလှပေသည်၊၊ မာယာများလှသည့် လောကကြီးနှင့် ထိတွေ့ရခြင်းလဲမရှိ၊ မျက်နှာများတဲ့ လူတွေလဲ မရှိသည့် ဤနေရာ၊ ဤရင်ခွင်တစ်စုံကသည်သာ မောင့်အတွက် စိတ်သက်သာရာအရဆုံး နေရာဖြစ်ပေသည်၊၊

*နိုးနေရင် ထတော့လေ မောင်၊၊ ငပျင်းလေး လုပ်မနေနဲ့ *

မောင့်၏ ဆံပင်အား ဖွဖွလေး ထိကိုင်ကာ ပြောလာသည့် Lucifer ၏ စကားကြောင့် မောင် ပြုံးမိလေသည်၊၊ အင်...နိုးလာလာခြင်း ချစ်ရတဲ့သူ အသံကြားရတာလဲ ကံကောင်းမှုတစ်ခုပင် ၊၊

*ဒီနေ့တော့ မောင့်ကို ကော်ဖီဖျော်တိုက်တော့ Lucifer ၊၊ ဒီနေ့ မောင်လုပ်ရမဲ့ အလုပ်လေးတွေ နည်းနည်းများတယ်၊၊ သူနဲ့ မစရင် မဖြစ်ဘူး *

မောင် Lucifer ၏ ရင်ခွင်ထဲကနေ မော့ကြည့်ကာ Lucifer ၏ မေးဖျားလေးအား လှမ်းကာ နမ်းလိုက်ရင်း ပြောလိုက်လေသည်၊၊ ထို့နောက် မနက်ခင်းအနမ်းလေးအား စတင်ရန် ရှေ့ဆက်လိုက်ပေမယ့် Lucifer ၏ တားဆီးခြင်းအား ခံလိုက်ရလေတော့သည်၊၊

*အွန်း! Morning kiss ပေးမလို့လေ *

*ခင်ဗျားပဲ coffee နဲ့မှ မစရရင် မဖြစ်ဘူးဆို ၊ ဒါဆို ကျွန်တော် ကော်ဖီပဲ ဖျော်ပေးမယ်လေ၊၊ အနမ်းမပေးလဲ ရတယ်ဟုတ် ?*

Lucifer ပြောရင်းပင် ကုတင်ပေါ်ကနေ ကောက်ထသွားတာမို့ မောင် ရယ်ရင်းသာ ကျန်ခဲ့ရတော့သည်၊၊ တကယ်ပဲ အခုတလော Lucifer ဟာ စကားအမှားကိုမခံပေ၊၊ မောင့်အား ကော်ဖီနှင့်ပင် သဝန်တိုတတ်နေပြီ ဖြစ်လေသည်၊၊ သို့သော် မောင်ဟာ Lucifer ၏ ဤ ပုံစံလေးအား လွန်စွာမှ သဘောကျလှပေသည်၊၊

Mr. SubmissiveWhere stories live. Discover now