မောင် လွန်စွာမှ ရှည်လျားလှသည့် အိပ်မက်ကြီးထဲ၌ တစ်ဝဲလည်လည်ဖြစ်နေခဲ့သည်မှာ မည်မျှလောက် ကြာညောင်းနေပြီလဲဆိုတာမသိတော့ပေ၊၊ အိပ်မက်ထဲ၌ တူညီသည့် စက်ဝန်းတစ်ခုထဲမှာပဲ အဖြစ်အပျက်များဟာ ထပ်ခါထပ်ခါ ဖြစ်ပျက်နေခြင်း ဖြစ်ပြီး မောင်ဟာလဲ ထို စက်ဝန်းထဲမှ ရုန်းထွက်မရနိုင်ပဲဖြစ်နေတော့သည်၊၊
ထိုကဲ့သို့ ကြာလာသည့် အခါ မောင် မွန်းကျပ်လာပေတော့သည်၊၊မောင် ဒီအိပ်မက်ထဲမှာပဲ ဆက်ပြီး ပိတ်မိမနေချင်တော့ပေ၊၊ မောင် အမြန်လွတ်မြောက်ချင်နေပြီ ဖြစ်လေသည်၊၊
*မောင် ...*
ထိုအခိုက် မြူတွေဆိုင်းကာ ဘာကိုမှ သဲသဲကွဲကွဲမမြင်ရတာမို့ လွတ်မြောက်ရာလမ်းအား အသည်းအသန်ရှာဖွေနေသည့် မောင့်အား တစ်နေရာဆီမှ လှမ်းခေါ်လို့လာသည့် အသံအား မောင်ကြားလိုက်ရလေသည်၊၊ ထိုအသံဟာ မောင့်ရင်ထဲ၌ ရင်းနှီးလွန်းနေသည့် အသံပင် ဖြစ်ပြီး တိုးညှင်းလွန်းသော်လည်း မောင် ကြားနိုင်ပေသည်၊၊
*မောင်...*
အသံ၏ လားရာအား မောင် လိုက်လံရှာဖွေနေရင်းပင် မောင့်အား ထံမံခေါ်လာသည့် အသံကြောင့် မောင်ထိုခေါ်သံ၏ လားရာအတိုင်းသာ ပြေးလိုက်လာမိတော့သည်၊၊
*Lucifer...*
*မောင်...*
မောင်ဟာ မှုန်ဝါးနေသည့် ပတ်ဝန်းကျင်တစ်ခုလုံးအား ဂရုမထားနိုင်တော့ Lucifer ၏ အသံလားရာအတိုင်းသာ အားစိုက်ကာ ပြေးလာလိုက်မိတော့သည်၊၊ ထို့အပြင် မောင့်၏ နှုတ်ခမ်းပါး ထပ်မှလဲ Lucifer ၏ အမည်နာမအား အဆက်မပြတ်ခေါ်ဆိုကာ မောင် ပြေးလွှားနေမိလေသည်၊၊
သို့သော် မောင်ပြေးလွှားတာ ကြာလာသည့်နှင့်အမျှ Lucifer ၏ အသံဟာ ပိုလို့ ကျယ်လာရမည့်အစား တိုးညှင်းသွားလေတော့သည်၊၊
*Lucifer!...Lucifer!..*
ထိုအခါ မောင်ပြေးလွှားရတာမို့ မောဟိုက်နေသည်ကိုပင် ဂရုမထားအား ဘာကိုမှသဲသဲကွဲကွဲ မမြင်နိုင်ရသည့် ထိုပတ်ဝန်းကျင်ကြီးထဲ၌ Lucifer ၏ အမည်နာမအား မောင် ကျယ်နိုင်သလောက်ကျယ်အောင်သာ အော်ခေါ်နေမိတော့သည်၊၊ သို့သော်လည်း မောင့်၏ အသံတို့သာ ပြာထွက်လာသည် နောက်ထပ် Lucifer ၏ အသံအား မကြားရတော့ပေ၊၊ ထိုအခါ မောင်ဟာ ပြေးလွှားနေရင်းကပင် အင်အားတို့ ကုန်ဆုံးသွားသည့် ပမာခံစားရပေတော့သည်၊၊

YOU ARE READING
Mr. Submissive
Romance"A Master without a submissive is a guy. Just a guy. " #Quotestest.com