Part-16

13.7K 774 102
                                    

တင်းတောင် ~ တင်းတောင် ~ ...

နှစ်ခြိုက်စွာ အိပ်မောကျနေတဲ့ မောင်ဟာ မနက်စောစော အိမ်ရှေ့က အဆက်မပြတ်တီးနေတဲ့ ဘဲလ်သံကြောင့် နိုးထလာရတော့သည်။

*အားရှီး! ! ဘာလဲကွာ *

အိပ်မှုန်စုံဝါးနဲ့ အိပ်ယာပေါ် ထထိုင်လိုက်အပြီး မှာတော့ မောင့်ရဲ့ ခေါင်းကလဲ အရင်နေ့များလို မကြည်လင်နေပေ။ ဒါ့ကြောင့် မောင် ခဏလောက် မသွားသေးပဲ အိပ်ရာပေါ်မှာပဲ ထိုင်နေလိုက်လေသည်။

တင်းတောင် ~ တင်းတောင် ~

ထိုအချိန်မှာပဲ ထပ်မံမြည်လာတဲ့ bell အသံကြောင့် မောင့် မှာ ထပ်ပြီးမနေနိုင်တော့။ ထိုမကြည်လင်သေးတဲ့ အမြင်အာရုံနဲ့ပဲ အိမ်ရှေ့သို့ ထွက်လာခဲ့လိုက်တော့သည်။
နောက်တော့ ကင်မရာကနေတစ်ဆင့် အပြင်ကလူကိုကြည့်လိုက်တော့ shirt လက်ရှည် အဖြူရောင်ကို သေသပ်စွာ ဝတ်ထားတဲ့ Lucifer ကို တွေ့လိုက်ရလေသည်။ ဒါ့ကြောင့် မောင်လဲ အကြာကြီး စဥ်းစားချိန်မရလိုက်ပဲ တံခါးဖွင့်ပေးလိုက်တော့သည်။

သူကတော့ ခေါင်းကြည်သွားစေရန် မီးဖိုခန်းထဲဝင်ကာ ရေခဲသေတ္တာထဲက ရေအေး တစ်ဘူးကိုယူကာ မော့သောက်လိုက်လေသည်။ ပြီးနောက် ဇာတ်ပိုးကို တစ်ချက်နှစ်ချက် လက်နဲ့ရိုက်လိုက်ကာ အိမ်ရှေ့ကို ပြန်ထွက်လာတဲ့အချိန်မှာ Lucifer က အိမ်တွင်းစီး ဖိနပ်တောင် လဲစီးလို့ပြီးနေပြီ ဖြစ်သည်။

*ခင်ဗျား မနေ့ညက တစ်ညလုံး ဘာလို့ ဖုန်းမကိုင်တာလဲ *

Lucifer ဟာ ဖိနပ်လဲ ပြီးလို့ မောင်ရှိရာကို လှမ်းကြည့်ကာ မေးလိုက်​ခြင်း ဖြစ်​ပေသည်။ ဒါပေမယ့် မောင့်ကို တွေ့တွေ့ချင်း မျက်နှာက ချက်ချင်း ခက်ထန်သွားတာမို့ မောင့်မှာ ဘာများဖြစ်တာလဲလို့ ထိတ်လန့်သွားရတော့သည်။

"နေပါဦး ညက... သူ...သူ ဘာဖြစ်ခဲ့လို့လဲ "

ထိုအခိုက်အတန့်မှာပဲ မောင့်ရဲ့ စိတ်ထဲ သူ့မှာ မကောင်းတာ တစ်ခုခု ဖြစ်နေပြီမှန်း မောင် သိလိုက်တော့သည်။ဒါပေမယ့် ပြန်စဥ်းစားလိုက်တော့လဲ ညက မောင် ပြန်ဖို့ထလိုက်ပြီး မိုက်ကနဲ ဖြစ်သွားတာ အထိပဲ မှတ်မိတော့သည်။ ဒါပေမယ့်လဲ အခု Lucifer က သူ့ကို ဝါးတော့ စားတော့မတတ် ကြည့်နေတာမို့ မောင့် ရင်ထဲမှာ ဗြောင်းဆန်နေလေပြီ။

Mr. SubmissiveWhere stories live. Discover now