Part-60

7.4K 549 21
                                    

မောင် ဘန်ကောက်သို့ ရောက်သည့် တတိယမြောက်နေ့၌ ကိုကိုကြီးနှင့် နိုင်နိုင်းသည်လဲ မောင်တည်းခိုနေရာ ဟိုတယ်သို့ ရောက်ရှိလို့ လာခဲ့လေသည်၊၊ ထို့ကြောင့်ပင် မောင်တို့ သုံးယောက်သားလုံး ဟိုတယ်ရှိ စားသောက်ဆိုင်၌ပဲ စကားစမြည်ပြောရင်း နေ့လည်စာအတူ စားဖြစ်ကြသည်၊၊

*နှစ်ယောက်လုံး လာတယ်ဆိုတော့ ကလေးကိစ္စများလား *

မောင် လှီးထားသော အမဲသားကင် အတုံးလေးအား ပါးစပ်ထဲထည့်ကာ စားရင်း မေးလိုက်လေသည်၊၊ ထိုအခါ နိုင်နိုင်းကတော့ ရှက်ပြုံးလေး ပြုံးလာလေသည်၊၊

*ဟုတ်တယ် မြတ်မောင်၊၊ အစက နိုင်နိုင်း စာမေးပွဲပြီးမှ စီစဥ်ထားတာကို အခု ဆေးရုံဘက်က အရင်ဆက်သွယ်လာလို့ ကိုယ်တို့လဲ အစီအစဥ်မရှိပဲ လာဖြစ်သွားတာ *

*ဆေးရုံက စီစဥ်ပေးတဲ့ ကိုယ်ဝန်ဆောင်မဲ့ မိခင်ကကော အဆင်ပြေရဲ့လားဟင်၊၊ ဟို မျိုးရိုး ဗီဇတွေ ဘာတွေကော ...*

မောင် ထိုကိစ္စနှင့်ပက်သက်၍ ဘာတစ်ခုမှ သိတာမရှိသည်မို့ မေးမိခြင်းဖြစ်ပေသည်၊၊

*အဲ့ကိစ္စနဲ့ ပက်သက်ပြီးတော့ မပူပါနဲ့ မြတ်မောင်ရဲ့၊၊ ဆေးပညာရဲ့ ရှုထောင့်မျိုးစုံကနေ တွက်ချက်စစ်ဆေးပြီးမှ ကိုက်ညီတဲ့ လူကိုပဲ ကိုယ်တို့ ရွေးထားတာပါ *

ကိုကိုကြီးကတော့ အနေအေးကာ ၊ စိတ်ငြိမ်ငြိမ်ထားပြီး ကိစ္စတိုင်းကို ကိုင်တွယ်တတ်သည့် သူမို့ ယခုကိစ္စကိုလဲ သက်သက်သာသာပဲ စီမံသွားပုံပင်၊၊

*အာ ဒါနဲ့ နှစ်ယောက်သား ဒီမှာ ကြာကြာနေကြမှာလား *

*ကိုယ်ကတော့ တစ်ဖက်က ကိုယ်ဝန်ဆောင်အတွက် နေရေးထိုင်ရေး၊ လုံခြုံရေးတွေအတွက် စီမံဖို့ ခဏ ကျန်ခဲ့ရဦးမှာပဲ၊၊ ဒါပေမယ့် နိုင်နိုင်းကတော့ မရဘူး၊၊ စာမေးပွဲက နောက်အပတ်ဆို စပြီဆိုတော့ အရင်ပြန်နှင့်ရမှာ*

ကိုကိုကြီးက ဘေးခုံရှိ ကျောက်ပုစွန်တစ်ကောင်နှင့် အလုပ်ရှုပ်နေသည့် နိုင်နိုင်းအား မျက်စပစ်ပြကာ ပြောလာလေသည်၊၊

*ဟိုကလေး မင်း စာတွေရော ပိုင်နေပြီလား *

မောင်လှမ်းကာ စတော့ နိုင်နိုင်းက သူ့ကိုမေးတာ မဟုတ်သည့်အလား မောင့်အား ပြူးကြောင်ကြောင်နဲ့ မော့ကာ ကြည့်လာလေသည်၊၊ ထို့နောက် သူ့ Daddy ဘက်ကို ခဏ မျက်လုံးဆွေကြည့်ကာ စပ်ဖြီးဖြီးမျက်နှာနှင့် ပြန်ဖြေလာလေသည်၊၊

Mr. SubmissiveWhere stories live. Discover now