Part-58

7.5K 503 25
                                    

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၊၊ ရေမြေအနေအထားနှင့် အချိန်နာရီအားဖြင့် များစွာ မကွာခြားလှပေမယ့် အစွယ်အပါးတွေ အနောက်မှာ ထားခဲ့ပြီးမှ ထွက်လာရသည့် လမ်းခရီးမို့ မောင့်အတွက်တော့ ပျော်စရာကောင်းမနေခဲ့ပါ၊၊

လွန်ခဲ့သော တစ်ပတ်က Lucifer နှင့် ကာရံ၏ dating rumor ဟာ နှစ်ဖက် Company အပေါ်သို့ ရိုက်ခတ်မှုအနည်းငယ် ဖြစ်သွားခဲ့သော်လည်း အဆုံးမှာတော့ Company ဘက်ကနေ အကြောတင်တင်းနဲ့ ဆက်လက် ငြင်းဆိုလိုက်တဲ့ အခါမှာတော့ လူများ၏  စိတ်ဝင်စားမှုဟာလဲ တစ်ဖြည်းဖြည်း လျော့ကျကာ ရှယ်ယာစျေးများလဲ ပြန်လည် တည်ငြိမ်လာပြီ ဖြစ်လေသည်၊၊

ထို့ကြောင့် အရင်တစ်ပတ်ထဲက လာရမည့် ဘန်ကောက်ခရီးစဥ်ဟာ Lucifer နှင့် ကတောက်ကဆဖြစ်ပြီးနောက်  ပြန်လည် ပြေလည်သည့် အချစ်နလန်ထ အချိန်မှာမှ ဖြစ်ပေါ်လာတာမို့ မောင့်အနေနဲ့ မကျေမနပ်ဖြစ်နေခြင်း ဖြစ်ပေသည်၊၊

ဘုတ်!

မောင် နားနေရမည့် ဟိုတယ်အခန်းထဲ ရောက်တာနှင့်  laguage ကို ပစ်ချကာ ကုတင်ပေါ် ခြေပစ်လက်ပစ် လှဲချကာ မျက်နှာကျက်အား အကြည့်တို့ ပို့ထားလိုက်သည်၊၊
ထို့နောက် coat အတွင်းအိတ်ကပ်ထဲရှိ လက်ကိုင်ဖုန်းလေးအား ပါဝါ ပြန်ဖွင့်ကာ တစ်ဦးတည်းသော နတ်ဆိုးလေးထံသို့ ရောက်ပြီ ဖြစ်ကြောင်း စာပို့ထားရလေသည်၊၊ ထို့နောက်မှ ဖုန်းကို ကုတင်ပေါ်မှာပဲ ပစ်ကာ ထားခဲ့ပြီး ခဲရောင် laguage ကြီးအား ကြမ်းပြင်ပေါ်မှာတင် ဖွင့်ချလိုက်လေတော့သည်၊၊

ထိုအခါ ကြီးမားသည့် အိတ်၏ တစ်ဖက်အခြမ်းမှာ သုံးလေးစုံမျှသာ ရှိသော အဝတ်အစားတွေ ဖြစ်ပြီး ကျန်တစ်ဖက် အခြမ်းမှာတော့ မောင့်အိမ်ရှိ ပေါ့ပေါ့ပါးပါး သယ်သွား၍ ရသော tools များပင် ဖြစ်ပေသည်၊၊ လက်ကိုင်အတို paddle များ၊ vibrator များအပြင်၊ လွန်ခဲ့သော ကစားပွဲနေ့က Lucifer ပေးထားသည့် စိန်စီ collar လေးကပါ အတူတစ်ကွ ပါလာလေတော့သည်၊၊

*ဟက်!*

အိတ်ဖွင့်ဖွင့်ခြင်း မြင်လိုက်ရသည့် ပစ္စည်းများကြောင့် မောင် ကြမ်းပြင်ပေါ်တွင် ထိုင်ချကာ ရယ်လိုက်မိတော့သည်၊၊

Mr. SubmissiveWhere stories live. Discover now