This chapter is Mature alert! (◕ᴥ◕)
မောင် လူပေါင်းများစွာကို ရှောင်ရှားကာ ဒုတိယထပ်ရှိ toilet ရှေ့သို့အရောက် ပြုပြင်နေဆဲဆိုတဲ့ caution sign အဝါလေးကို တွေ့လိုက်ရလေသည်၊၊ မောင် Lucifer ရဲ့ အကြံအစည်တို့ကို ရိပ်စားမိသွားပြီး ကျေနပ်စွာ တစ်ချက်ပြုံးကာ သတိပေးစာတုံးလေးကို ကျော်ကာ toilet ထဲသို့ ဝင်သွားလိုက်တော့သည်၊၊
တစ်၊နှစ်၊သုံး၊လေး၊ငါး၊ခြောက် ...toilet ထဲမှာ အခန်းပေါင်း ခြောက်ခန်းရှိပြီး တစ်ခန်းချင်းဆီကို ဖြတ်လျှောက်ကာ နောက်ဆုံး အခန်းရှေ့မှာ မောင် ခြေစုံရပ်လိုက်သည်၊၊ တစ်ခန်းလုံး တိတ်ဆိတ်နေသဖြင့် မောင့်ရဲ့ ဖိနပ်မှထွက်သည့်အသံသာ အခန်းတွင်း ကြီးစိုးနေလေသည်၊၊
ဒေါက်! ဒေါက်! ဒေါက်!
*ဝင်ခဲ့ *
ရုံးခန်းတံခါးလဲ မဟုတ်၊ အခန်းတံခါးလဲ မဟုတ်ပေမယ့် အထဲမှာ Lucifer ရှိနေသည်မို့ မောင် လေးစားသမှုနဲ့ အရင်ခွင့်တောင်းလိုက်ခြင်း ဖြစ်သည်၊၊ တစ်ချို့ဒီလို သေးငယ်တဲ့ အပြုအမူတွေကအစ တွဲတာကြာနေတာတောင် ကိုယ့်ဘက်ကနေ မသိလျှင် ကြိမ်းသေပေါက် ကိုယ့် Dominant ဖြစ်သူက ကိုယ့်အပေါ်ထားသည့် အမြင်ဟာလဲ သေးငယ်သွားနိုင်ပေသည်၊၊
မောင်တို့ Company မှာရှိတဲ့ toilet ခန်းများဟာ အပေါ်လွတ် အောက်လွတ်မဟုတ်ပေ၊၊ တစ်ခန်းလုံး အလုံဖြစ်ပြီး တံခါးတွေကအစ ခိုင်မာသည့် တံခါးများ ဖြစ်ပေသည်၊၊ အကြောင်းကတော့ artist တွေ နေ့စဥ် ဝင်ထွက်နေသည့် နေရာမို့ privacy ကျိုးပေါက်ခြင်းမှ ကာကွယ်ရန် ဖြစ်သည်၊၊ အခုတော့ မောင်နဲ့ Lucifer ရဲ့ privacy အတွက်လဲ မပူရတော့ဘူးပေါ့ ၊၊
မောင် တံခါးလက်ကိုင်ကို လှည့်ကာ ဖြည်းဖြည်းချင်း ဖွင့်ပြီး အခန်းထဲဝင်သွားတော့ အိမ်သာအဖုံးပေါ်မှာ ချေချိတ်ကာ၊ လက်ပိုက်ပြီး ထိုင်နေသည့် Lucifer ကို တွေ့လိုက်ရလေသည်၊၊ တစ်ခုရှိသေးသည်က မောင်တို့ Company က toilet ခန်းတွေက အတော်လေးကို ကျယ်ဝန်းကာ သန့်ရှင်းလှသည်၊၊
*ဘာလိုချင်လို့ လာရှာတာလဲ *
မောင် တံခါးကို ပိတ်ပိတ်ခြင်း ပထမဆုံး Lucifer ပြောလာသည့် စကားဖြစ်ပေသည်၊၊ ဒါ့ကြောင့် မောင် လဲ ညစ်တစ်တစ်လေး ပြုံးကာ Lucifer ရဲ့ ရှေ့တည့်တည့်မှာ ရပ်ရင်း အဖြေပြန်ပေးမိသည်၊၊

YOU ARE READING
Mr. Submissive
Romansa"A Master without a submissive is a guy. Just a guy. " #Quotestest.com