Part-5

22.3K 851 35
                                    

ပြိုင်ပွဲအပြီး နောက်တစ်ရက်မှာပဲ သူတို့ရဲ့ HM website ကနေ ဒိုင်တွေ နောက်ဆုံးရွေးချယ်ထားတဲ့ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ရဲ့ profile တွေကို တင်လိုက်လေသည်။ ထိုထဲကမှ fan choice အများဆုံး အမျိုးသား တစ်ယောက်၊ အမျိုးသမီး တစ်ယောက်ကို သူတို့ HM ရဲ့ တရားဝင် model အဖြစ် စာချုပ်ချုပ်ပြီး လိုအပ်သည်များကို ထပ်မံသင်ကြားပေးသွားမည်ဖြစ်သည်။

ထို selectionခြောက်ယောက်စလုံးဟာ သူတို့ အထပ်ထပ် စီစစ်ထားသူများမို့ fan တွေ ဘယ်သူ့ကိုပဲ ရွေးရွေး HMဘက်က လက်ခံနိုင်ပေသည်။ ဒါပေမယ့်လဲ ပုံမှန် ပြိုင်ပွဲများ၏ ရလဒ်နှင့် မတူဘဲ အခုရလဒ်ဟာ သူ့ရဲ့ အနာဂတ် နေ့တွေနှင့်လဲ ဆက်ဆိုင်နေမည်မို့ ထူးမြတ်မောင် တစ်ယောက်မှာ website ထဲမကြာခဏဝင်ပြီး အောင်နိုင်သူ ဆိုသည့်ကောင်လေး၏ ရလဒ်ကို check နေရပေသည်။

ထို selection များ၏ post အောက်မှာလဲ comment ပေါင်းထောင်းချီနှင့် လိုက်ဖက်ရသည့် သူပင် မူးနောက်ချင် နေပြီဖြစ်သည်။

ခြောက်ယောက်စလုံးကို ဝိုက်ချင်သည့် လူကတစ်ဖွဲ့၊ ကောင်လေးတွေကို ငမ်းသည့် သူများကတစ်ဖွဲ့၊ အမျိုးသမီး ပြိုင်ပွဲဝင်များကို ငမ်းသည့်အဖွဲ့က တစ်ဖွဲ့နှင့် ထို comment section တွင်  ပွက်လောရိုက်နေတော့သည်။ ထိုထဲမှာမှ လန့်ဖို့အကောင်းဆုံးက ခြောက်ယောက်စလုံးကို လက်မလွှတ်ချင်စရာဖြစ်အောင် ရွေးထားပြီး ထိုထဲကမှ နှစ်ယောက်နှင့်သာ စာချုပ်ချုပ်မည်လို့ ဆိုသည့် HM Ent: က ထူးမြတ်မောင်ကို ချောင်းရိုက်မည် ဆိုသည့် သူများပင် ဖြစ်လေသည်။

အခုတော့ ထူးမြတ်မောင် ခမျာ ခေါင်းပါ ကြိမ်းနေရလေပြီ။

မူရင်း post ရဲ့ comment များကို ဖတ်ပြီးသွားပြီမို့ ထူးမြတ်မောင်တစ်ယောက် သူ့ရဲ့ အောင်နိုင်သူလေး ၏ post ကိုသွားပြီး လေ့လာရတော့သည်။ အခုထိတော့ သူ့ရဲ့ အောင်နိုင်သူလေးဟာ vote အများဆုံးနှင့် ရှေ့က ဦးဆောင်နေလေသည်။ comment ထဲဝင်ကြည့် လိုက်တော့ ခေတ်ကာလ ကလေးများ၏ ပွင့်လင်းလှသည့် မှတ်ချက်များကြောင့် ထူးမြတ်မောင်ပင် လက်ဖျားခါရလောက်သည်။

*ဟယ်! ဒီလိုအဆင်မျိုးက မြန်မာနိုင်ငံမှာ ရှားပါးအဆင်လေးဟ ဝန်းရံမယ်ဟေ့ *

Mr. SubmissiveWhere stories live. Discover now