ဒီလိုနဲ့ပဲ ထူးမြတ်မောင်ဆိုသည့် သူဟာ ထို လူနှင့်တွေ့ရဖို့အရေး တို့အရေးဖြစ်ကာ နေ့စဥ်နှင့်အမျှ ကြိုးစားလေတော့သည်။ ပုံမှန်လူဆို သူ့ရဲ့ အပြင်က ပုံအစစ်ကို သိသွားမှာ စိုးရိမ်ရသော်လည်း ထို Lucifer ဆိုသည့် လူဟာ သူကိုယ်တိုင်လဲ စည်းကမ်းရှိသလို သူ့ရဲ့ partner ဖြစ်သူရဲ့ privacy ကော အရာအားလုံးကိုပါ စည်းကမ်းတင်းကြပ်သည်ဟု သိလိုက်ရသည့် အခါမှာတော့ သူယုံကြည်မိလိုက်တော့သည်။ တကယ်တော့ ယုံကြည်မှု ဆိုသည်မှာ သူတို့လောက၏ အသက်ပင် ဖြစ်လေသည်။
ဒီလိုနဲ့ သူဟာ Lucifer နှင့် စကားပြောခွင့်ရသွားပြီး သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် လေ့လာကြတော့သည်။ ထူးမြတ်မောင် ထိုလူနှင့် စကားပြောခွင့်ရသည့်အခါမှာတော့ အခြားသူများလို သူဟာ စတွေ့ထဲက သြဇာသီးတွေမရောင်းပေ။ တစ်ယောက်အကြောင်း တစ်ယောက်ပင် သေချာမိတ်မဆက်ရသေးပဲ တစ်ခါထဲ သခင်တွေ ၊ ကျွန်တွေ လာခေါ်ခိုင်းလျှင် သူစိတ်အနှောင့်အယှက်ဖြစ်ရလေသည်။ Professional မဆန်လိုက်လေခြင်းလို့ပင် တွေးမိသည်။
Lucifer ကတော့ သူတို့နှစ်ယောက်ဟာ စကားပြောသည့် အဆင့်ပဲမို့ အဆင်ပြေသလိုသာ ပြောစေသည်။ ဒါပေမယ့် တစ်ခါတစ်ရံ message နှင့်မဟုတ်ပဲ voice message နှင့် *အိပ်တော့ ညဥ့်နက်နေပြီ * တို့
*မောင် ခင်ဗျားက အကြောတင်းလေးပဲ *တို့ စသည့် စကားလုံးတို့ကို သူ့အသံနှင့်တကွများ ကြားလိုက်ရလျှင်ဖြင့် အသက် ၃၀ ကျော်အရွယ် ထူးမြတ်မောင်မှာ စိတ်လှုပ်ရှားလွန်း၍ ခြေမကိုင်မိ လက်မကိုင်မိပင် ဖြစ်ခဲ့ရသေးသည်။ဒီလိုနဲ့ စကားပြောကြရင်း တစ်လလောက်အကြာမှာတော့ နှစ်ဦးသားလုံး role ကိစ္စနှင့် ပက်သက်ပြီး သေချာဆွေးနွေး ဖြစ်ကြလေသည်။ထို့နောက် ကိုယ်ပါဝင်ခြင်သည့် role အတိုင်းပင် စကားစတင်ပြောကြတော့သည်။ စကားပြောတာကြာလာသည့် အခါမှ သူတို့နှစ်ယောက်မှာ ထူးမြတ်မောင်က အသက်ပိုကြီးပြီး Lucifer က အသက်ငယ်သည်ဟု သိခဲ့ရသည်။ ဒါပေမယ့် ဘယ်နှစ်နှစ် ကွာမှန်းတော့ နှစ်ယောက်လုံး မပြောကြပေ။
ဘယ်လိုပဲ ဖြစ်ဖြစ် Dominant ဖြစ်သည့် Lucifer ဟာ သူ့ကို Lucifer ဟုပင်ခေါ်စေသည်။ သူ့ကိုတော့ မောင် ဟု ခေါ်မည်လို့ သတ်မှတ်ပေးသည်။ ပြီးနောက် စကားပြောသည့် အခါမှာလဲ အရင်ကလောက် မပေါ့ပါးတော့ပေ။ Lucifer က စည်းကမ်းချက် အချို့ သတ်မှတ်ပေးပြီး online play အနေနှင့် စတင်ခဲ့ကြလေသည်။

YOU ARE READING
Mr. Submissive
Romans"A Master without a submissive is a guy. Just a guy. " #Quotestest.com