Part-20

19.6K 786 59
                                        

Win ဆိုတဲ့ နာမည်နဲ့ modeling လောကထဲကို စဝင်လာခဲ့တဲ့ လူငယ်မော်ဒယ်လေးဟာ ဆိုရင်တော့ဖြင့် HM နဲ့ စလက်တွဲပြီးနောက် စင်ပေါ်ရောက်လာပြီး လအနည်းငယ် အကြာမှာပင် မယုံကြည်နိုင်လောက်အောင် နာမည်ကျော်ကြား လူကြိုက်များလာပြီ ဖြစ်သည်။

နိုင်ငံရဲ့ မြို့ကြီးပြကြီးမှသည် နယ်မြို့များအထိ ထို ကောင်လေးရဲ့ သတင်းဟာ ကျော်ကြားသွားပြီး အားလုံးရဲ့ အချစ်ခံလေး ဖြစ်လာတော့သည်။အချို့​သော လူတစ်စုအတွက်ကတော့ အပြစ်ပြောရန် ထိုင်ပြီး စောင့်ကြည့်စရာ လူတစ်ယောက် ဖြစ်လာသည်ပေါ့။

Winဟာ  စီးပွားရေး လုပ်ငန်း များစွာရဲ့ မျက်စိကျစရာ ဖြစ်လာပြီး Branded Design Company  များရဲ့ စောင့်ကြည့်ချင်းကို ခံနေရသည်အထိ ဖြစ်လာခဲ့သည်။
ဒါ့ကြောင့် HM အနေနဲ့လဲ Win နဲ့ ပက်သက်သမျှ staff တွေ ကအစ လုံလောက်စွာချပေးကာ ၊ schedule များကိုလဲ သေချာ စီစစ်ကာ အလုံးစုံ ကျပ်မတ်လာရတော့သည်။

လူကြိုက်များ အောင်မြင်လာတာက Lucifer အတွက်တော့ အများကြီး ကောင်းပေမယ့် media များရဲ့ စက်ကွင်းထဲကိုတော့ တစ်ဦးတည်းရှိတဲ့ ညီမလေးကို အပါမခံနိုင်ပေ။ ဒါ့ကြောင့် Company ဘက်ကို တောင်းဆိုသည့် ထိပ်တန်း အချက်ထဲမှာ media တွေရဲ့ လက်ထဲကို သူ့ညီမလေးရဲ့ သတင်း စိုးစဥ်းမျှတောင် မရောက်သွားစေဖို့ ဖြစ်သည်။ 

ဒီလောက ထဲကို တဖြည်းဖြည်း အရှိန်ယူရင်း ပုံမှန်လေး ဝင်ရန် စိတ်ကူးထားရင်းမှ ရုတ်တရက် အောင်မြင်မှုက ကြီးထွားလာတာမို့ Lucifer ဟာ သူ့ကိုယ်သူ တစ်ချက်ကလေးမှ လွတ်မသွားအောင် ထိန်းနေရလေသည်။ မိဘတွေ ငယ်စဥ်ကတည်းက ဆုံးပါးသွားခဲ့လို့ လိုတာထပ်ပိုပြီး ရင့်ကျက်နေရတဲ့ သူဟာ  အခုမှ အသက် ၂၀ ကျော်အရွယ် လူငယ်လေး တစ်ယောက်သာဖြစ်သည်။

တစ်နေ့တစ်နေ့ လူပေါင်းများစွာရဲ့ မျက်စိအောက်မှာ သွားလာ လှုပ်ရှားကာ၊ အလုပ်လုပ်နေရခြင်းမှာလဲ လွယ်ကူသည့် အရာတော့ မဟုတ်ပါ။ စားသတိ၊ လာသတိ၊ သွားသတိနဲ့ အမြဲ သတိကပ်အောင် နေနေရသည့် ဘဝပုံစံ ဖြစ်သည်။

နာမည်ကျော်ကြားလာတာနှင့်အမျှ အရူးအမူးကြိုက်သည့် fan များနှင့် သူ့ရဲ့ life style ကို သတင်းအဖြစ် ယူလိုသူတွေဟာ Lucifer သွားရာ တကောက်ကောက် လိုက်နေသည်မို့ နောက်ဆုံးမှာ Lucifer ဟာ ညီမလေးနဲ့ အတူနေတဲ့ အိမ်ကနေ Company က စီစဥ်ပေးသည့် လုံခြုံရေးတင်းကြပ်သည့် ကွန်ဒိုဆီသို့ ရွေ့ပြောင်း လာခဲ့ရတော့သည်။

Mr. SubmissiveWhere stories live. Discover now