မေမေတို့ ပြန်သွားကတည်းက မောင် နှဖူးက ဒဏ်ရာကို ရေနဲ့ပဲ ဆေးလိုက်ကာ ရုံးခန်းထဲက emergency box နဲ့ပဲ ဖြစ်သလို ပိုးသတ်ကာ ဒဏ်ရာအား ပလာစတာကပ်ထားလိုက်တော့သည်၊၊ ပြည့်စုံကိုလဲ ခေါ်ပြီး အကူအညီမတောင်းချင်တော့၊၊ တကယ်တော့ ဒီလို အားနည်းနေတဲ့ မောင့်ရဲ့ တစ်ဖက်အခြမ်းကို ဘယ်သူ့ကိုမှ မသိစေချင်တာလဲ ပါပေသည်၊၊ ထို့နောက် အခန်းထဲမှာပဲ အောင်းကာ အလုပ်များကိုသာ ဖိလုပ်ရင်း အချိန်တို့ကို ကုန်ဆုံးစေလိုက်တော့သည်၊၊
နောက်ဆုံးတော့ ညနေ ငါးနာရီ ထိုးခဲ့လေပြီ၊၊ ဒါ့ကြောင့် မောင်လဲ လုပ်လက်စ အလုပ်များကို ထားကာ Lucifer နှင့် ညစာအတူစားရန် သွားဖို့ ပြင်ရတော့သည်၊၊ အစကတော့ ရုံးဆင်းတာနှင့် နှစ်ယောက်အတူ သွားဖို့ စိတ်ကူးရှိပေမယ့် ဒဏ်ရာကြီးကြောင့် Lucifer နဲ့ ထိပ်တိုက်မတွေ့ချင်ပေ၊၊ မဟုတ်လျှင် ညစာစားမည့် အရေးက သေချာတော့မှာ မဟုတ်ပေ၊၊
ဒါ့ကြောင့် ပထမဆုံးအနေနှင့် မောင် villa သို့ပဲ ပြန်လာလိုက်လေသည်၊၊ ထို့နောက် ရေမိုးချိုးကာ ပြင်ဆင်အပြီးမှာတော့ ဒဏ်ရာအား ပလာစတာ အကြည်ရောင်လေးသာ ကပ်လိုက်ကာ အမြဲလှန်တင်ထားတတ်သည့် ဆံပင်တို့အား ရှေ့သို့ ဖွာကာ ချထားလိုက်ရတော့သည်၊၊ အားလုံး ပြင်ဆင်အပြီးမှာတော့ ကားသော့ကိုဆွဲကာ နေကာ မျက်မှန်လေး တပ်လိုက်လေတော့ တက္ကသိုလ်တက်နေစဥ်တုန်းက ငယ်ရွယ်မှုတွေကိုတောင် မောင့်ကိုယ်ပေါ်မှာ တစ်ဖန် ပြန်လို့ ခံစားလိုက်ရပေသည်၊၊
မောင်တို့ ချိန်းထားသည့် စားသောက်ဆိုင် ရောက်သည့် အခါမှာ အချိန်ကား ည ၇နာရီကျော်နေပြီ ဖြစ်လေသည်၊၊ Lucifer ကတော့ ရောက်တော့ မည်ဟု စာတိုလေး ပို့လာသဖြင့် မောင်လဲ သီးသန့်မှာထားသည့် အခန်းမှာ စောင့်ရင်း ဖုန်းသုံးနေလိုက်လေသည်၊၊ ထို့နောက် ဆယ့်ငါးမိနစ်လောက် အကြာမှာတော့ စာပွဲထိုးလေး၏ လမ်းပြမှုဖြင့် Lucifer ဟာ မောင်ရှိနေသည့် အခန်းအတွင်းသို့ ဝင်လာလေတော့သည်၊၊
* ကျွန်တော် အခန်းမှားလာတာလား *
မောင့်ပုံစံအား ကြည့်ကာ ရုပ်တည်နဲ့ နောက်လာတဲ့ Lucifer ကြောင့် မောင့် မျက်နှာထက် အပြုံးတို့ ပေါ်ပေါက်လာရလေသည်၊၊ Lucifer ၏ စနောက်မှုလေး တစ်ခုက တစ်နေကုန် နောက်ကျိနေသည့် မောင့်ရဲ့ ခေါင်းအား ကြည်လင်သွားစေသည်၊၊
YOU ARE READING
Mr. Submissive
Romance"A Master without a submissive is a guy. Just a guy. " #Quotestest.com