ကား ဘရိတ်ဆောင့်အုပ်သံ နှစ်ခု ဆက်တိုက်ထွက်ပေါ်လာအပြီးမှာတော့ ပထမကားထဲမှ ရွှေရောင် မျက်မှန်ကိုင်းတပ်ကာ အနောက်တိုင်း ဝတ်စုံအား အပြည့်အစုံဝတ်ထားသည့် မောင် တစ်ယောက် ဆင်းလာလေသည်၊၊
ဘုန်း!
ထို့နောက် မောင်ဟာ ကားတံခါးအား ဆောင့်ကာ ပိတ်သွားပြီး ဒေါသတစ်ကြီးပင် အိမ်မကြီးထဲသို့ ဝင်လာခဲ့လေသည်၊၊
*မောင်! မောင်! နေဦးလို့ ! ကျွန်တော် ပြောတာ အရင် နားထောင်ဦး! *
ထို့နောက်မှာတော့ ဆောင့်အောင့်ကာ အိမ်ထဲသို့ ခြေလှမ်းကျဲကြီးများနှင့် ဝင်သွားသည့် မောင့်အား နောက်ကနေ မှီအောင် လိုက်တားနေသူဟာ Lucifer ပင် ဖြစ်လေသည်၊၊ Lucier ဟာလဲ shirt လက်ရှည်အနက်ရောင်နှင့် pant အနက်ရောင်အား သေသပ်စွာ ဝတ်ဆင်ထားလေသည်၊၊
သို့သော် အရှေ့ကနေ ဒေါသတစ်ကြီးနှင့် သွားနေသည့် မောင်ကတော့ Lucifer ၏ စကားအား မကြားသလိုပင် သတ်မှတ်ကာ အိမ်ရှိ ဧည့်ခန်းအား ဖြတ်ပြီး လှေကားဆီသို့ ဦးတည်နေပြီ ဖြစ်လေသည်၊၊
*မောင်! *
Lucifer ကလဲ အလျော့မပေးပေ၊၊ မောင့်၏ ခြေလှမ်းများအား မှီအောင် လိုက်ကာ လှေကားပေါ် တက်ခါနီး၌ မောင့်၏ လက်အား ဆွဲကာ တားလိုက်လေသည်၊၊
*မောင့်ကို လွှတ်! Baby! *
သို့သော် မောင်ဟာ Lucifer၏ လက်အား ဆောင့် ရုန်းကာ ပြန်အော်လာလေသည်၊၊ ကြည့်ရတာ မောင်တစ်ယောက် လွန်စွာမှ ဒေါပွနေပုံပေါ်လေသည်၊၊
*မလွှတ်ဘူး! ကျွန်တော် ပေးမဲ့ အကြောင်းပြချက်ကို မောင် အရင်နားထောင်ပေးသင့်တယ် *
Luciferကလဲ လက်မလျော့ပေ၊၊ မောင့်၏ လက်ကောက်ဝတ်အား ဆွဲကိုင်ထားကာ ထပ်မံပြောလာလေသည်၊၊ သို့သော် မောင့်အနေနဲ့ ဒီနေ့မှာ Luciferအား လိုက်လျောရန် စိတ်ကူးမရှိပေ၊၊
*အခုအချိန်မှာ Baby ရှင်းပြတာတွေကို မောင့် နားထဲဝင်နိုင်မယ်ထင်လို့လား *
*အဲ့တာဆို အစထဲက ကျွန်တော့်ကို အရင်ရှင်းပြခွင့်ပေးလိုက်သင့်တယ်!*
*ဘာလဲ မောင့်မှာ စိတ်ဆိုးခွင့်တောင် မရှိဘူးလား! Baby လုပ်ခဲ့တာကကော မလွန်လွန်းဘူးလား!*

YOU ARE READING
Mr. Submissive
Romansa"A Master without a submissive is a guy. Just a guy. " #Quotestest.com