Part-44

8.7K 646 114
                                    

နွေးထွေးလှသည့် ရင်ခွင်ကြီး၏ အထိအတွေ့ကြောင့် မောင့်ရဲ့ အိပ်စက်ခြင်းတို့ဟာ ဇိမ်ကျလျက်ရှိနေပြီး ထိုရင်ခွင်ကြီးနားကနေကို မခွာချင်လောက်အောင်ကို အိပ်စက်လို့ ကောင်းလှပေသည်၊၊ အိပ်ခန်းတစ်ခုလုံး အမှောင်ချထားကာ ကုတင်ဘေးက မီးအိမ်မျှသာ ဖွင့်ထားသည့် အခန်းထဲမယ် မောင်နှင့် Lucifer ၏ ပုံမှန်အသံရှူသံသာ ကြားနိုင်လောက်အောင် တိတ်ဆိတ်လှလေသည်၊၊

ဒူ~ ဒူ~ ဒူ ~

သို့သော်လည်း အိပ်စက်လို့ကောင်းနေသည့် အချိန်ကို တစ်ဖက် စားပွဲပေါ်ရှိ မောင့်ရဲ့ ဖုန်းဆီကနေ တုန်ခါလာသံဟာ ကောင်းစွာ နှောင့်ယှက်လေတော့သည်၊၊ မောင် ထိုဖုန်းခေါ်သူကို  စိတ်ထဲကနေ တိတ်တဆိတ်ဆဲရေးလိုက်တော့သည်၊၊ မောင် ဒီရင်ခွင်ကြီးထဲကနေ မထွက်ချင်ပေ၊၊ အခုတော့ ဇိမ်ခံနေရတာ ပျက်တော့မည်၊၊

ဒူ ~ ဒူ~ ဒူ~ ...

တစ်ခါခေါ်လို့ မကိုင်တဲ့ အခါ ခေါ်ဆိုသူဟာ လက်မလျော့ပေ၊၊ ထပ်ပြီး ခေါ်နေပြန်သည်၊၊ မောင်ကလဲ ဒါမျိုးဆို ကပ်သည် လုံးဝ မထချင်၊၊

*အွန်း... ဖုန်းသွားကိုင်လိုက်လေ မောင် *

နောက်ဆုံးတော့ နားပါးလှသည့် Lucifer ကပါ ကြားသွားပြီး နိုးလာတာမို့ မောင်လဲ မတတ်သာတော့ပဲ အိပ်ချင်မူးတူးနဲ့ထကာ ဖုန်းကို ပြန်ဖြေလိုက်တော့သည်၊၊

*အင်း ...*

*ကိုထူး! ကိုထူး! နိုင်နိုင်းကို မွေးနေ့လက်ဆောင်ပေးတော့ မနက်ဖြန် *

ဖုန်းဖြေဖြေချင်း သောက်ကလေးရဲ့ အသံစူးစူးကြီးကြောင့် မောင် ဖုန်းနဲ့ နားကို ခေတ္တခွာလိုက်ရလေသည်၊၊ နောက်တော့မှ လူကို မနက်စောစောလာနှိုးကာ မွေးနေ့လက်ဆောင်တောင်းနေသည့် သောက်ကလေးကို ဆဲပေးလိုက်တော့သည်၊၊

*ချီးပဲကွ ! ငါအိပ်နေတာလေ နိုင်နိုင်းရာ၊၊ ဘာလက်ဆောင်လဲကွ !*

*ဟား !!... အခုမှ မသိတော့ဘူး မလုပ်နဲ့နော် ကိုထူး ၊၊ မနက်ဖြန် Daddy နယ်ဘက်သွားမှာမို့လို့ အဲ့တစ်ရက်ပဲ လွတ်လပ်တာပါဆို !*

နိုင်နိုင်းရဲ့ အသံဟာ လွန်စွာမှ အလျင်လိုနေပုံပေါ်ပြီး မောင့်ကိုလဲ စိတ်မရှည်တော့ဟန် ပေါ်နေသည်၊၊ ဒါ့ကြောင့် မောင်လဲ အိပ်ချင်နေတဲ့ စိတ်ကို ခဏထားကာ ထိုကလေးနဲ့ ပေးခဲ့တဲ့ ကတိကို ပြန်ပြီး စဥ်းစားရတော့သည်၊၊ သူနိုင်နိုင်းကို ဘာများ မွေးနေ့လက်ဆောင် ပေးခဲ့တာပါလိမ့် ...

Mr. SubmissiveWhere stories live. Discover now