Part-7

18.6K 750 50
                                    

ဒီနေ့ဟာ ထူးမြတ်မောင် Lucifer နှင့် ဒုတိယအကြိမ် တွေ့ရမည့်နေ့ဖြစ်သည်။ တစ်ပတ်တာလုံး အလုပ်တွေနဲ့ လုံးလည် ချာလည်လိုက်နေပြီးမှာတော့ ဒီနေ့လေးမှာ ထူးမြတ်မောင် သူ့ရဲ့ စိတ်တို့ကို လွတ်လပ်ခွင့်အပြည့် ပေးထားလေသည်။ ည ၇ နာရီတွင် တွေ့နေကြ Bar မှာပဲ တွေ့ကြမည်ဖြစ်တာမို့ ညနေလောက်ထဲက ပြင်ဆင်စရာ ရှိတာများကို ထူးမြတ်မောင် ပြင်ဆင်လို့ နေလေသည်။

သူဟာ သူ့Dom ဖြစ်သူကို အကောင်းဆုံး အနေအထား တစ်ခုအနေနဲ့သာ ခစားလိုလေသည်။ တစ်ပတ်တာလုံး အလုပ်မှာ လူတိုင်းကို အမိန့်ပေး၊ ခိုင်းစေခဲ့တဲ့ သူဟာ မကြာခင်မှာ ကောင်လေးတစ်ယောက်ရဲ့ လွှမ်းမိုးမှု အောက်မှာ ပြားပြားဝပ်နေရတော့မည်လို့ စဥ်းစားကြည့်လိုက် ရင်ကို သူ ရင်ခုန်ရလေသည်။

ထိုသို့ ရင်ခုန်နေသည့် ကြားကပင် မကြာသေးခင်က message ကနေ တစ်ဆင့် ပေးလာသည့် Lucifer ၏ အမိန့်တစ်ခုကြောင့် ထူးမြတ်မောင် ခန္ဓာကိုယ်ပင် ပူထူလာသလိုတောင် ခံစားရသည်။

( butt plug တစ်ခုကို အိမ်ကထွက်ထဲက တပ်လာခဲ့။ လမ်းမှာ ခွင့်ပြုချက်မရပဲ ပြီးခဲ့ရင် ခင်ဗျား အသေပဲ )

ထူးမြတ်မောင် ထို message ကိုပဲ အကြိမ်ကြိမ် ဖတ်နေမိတော့သည်။ သူတကယ်ကြီး အဲ့ဟာကြီးကို အထဲမှာ ထည့်ပြီး ကားမောင်းရမယ်ပေါ့?

တွေးကြည့်ရုံနဲ့တင် စိတ်ထဲ မရိုးမယွဖြစ်ရပေသည်။ ဒါပေမယ့်လဲ ထိုအရာမျိုးကပင် သူနှစ်သက်သည့် ခံစားမှု တစ်မျိုး ဖြစ်တာမို့ စမ်းကြည့်ချင်စိတ်က အပြည့်ပင်။

ဒီလိုနဲ့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး သူ့ရဲ့ BMW လေးကိုပဲ ထုတ်စီးကာ ထူးမြတ်မောင် အိမ်ကနေ စတင်ထွက်ခဲ့တော့သည်။ မကြာသေးခင်က သူချော့မော့ပြီး ထည့်ထားရသည့် ပစ္စည်းလေးကတော့ သူ့ရဲ့ လုံးဝန်းလှတဲ့ မက်မွန်သီးတွေကြားထဲမယ် မြုပ်လို့နေလေပြီ။

*အ. ! *

မီးပွိုင့်ရောက်လို့ ကား ဘရိတ်အုပ်လိုက်သည့် အခါမှာ အတွင်းထဲကနေ အောင့်သွားရတာမို့ သူ အသံပင်ထွက်ကာ ညည်းညူမိသည်။ နှုတ်ခမ်းကို ကိုက်ကာ ကား steering wheel ကို အားတင်းကာ ဆုပ်ကိုင်ထားရသည်။

Mr. SubmissiveWhere stories live. Discover now