Part-27

10.3K 667 40
                                    

ဒီနေ့ဆိုလျှင် နိုင်နိုင်တို့ အုပ်စု Bangkok သို့ရောက်ရှိနေတာ သုံးရက်မြောက်နေ့ဖြစ်ပေသည်၊၊ အဖွဲ့ထဲက လူတွေ အားလုံးဟာ အိမ်ကို နှစ်ရက်ပဲနေပြီး ချက်ချင်း ပြန်လာမယ်လို့ ကတိပေးခဲ့ကြပေမယ့် လည်ပတ်လို့မဝသေးတာမို့ တစ်ရက်အပို ထပ်စောင်းကာ နေလိုက်ရန် ငါးယောက်သားလုံးက သဘောတူခဲ့ကြလေသည်၊၊

ထို့ကြောင့်ပင် ယနေ့မှာတော့ နောက်ဆုံး လည်ပတ်ရက် အဖြစ်နဲ့ နိုင်နိုင်းတို့ တစ်အုပ်စုလုံးဟာ Bangkok ရဲ့ နာမည် အကြီးဆုံး street market တစ်ခုကို သွားကြမည် ဖြစ်ပေသည်၊၊ Bangkok လို့ ဆိုလိုက်လျှင် လူတွေစည်းကားစွာ သွားလာစားသောက်နေကြသည့် street food တွေဟာ နာမည်ကြီးလှသည်မို့ ဒီကို ရောက်လက်စနဲ့တော့ ထို market များကို မသွားဖြစ်ခဲ့လျှင် ကိုယ်ကပဲ ညံ့ရာကျပေတော့မည်၊၊

သို့ပေမယ့်လဲ သွားစရာ market တွေကလဲ များလွန်းတာမို့ ညကတည်းက သူငယ်ချင်းတွေ စုပြီး online မှာ စုံစမ်းခဲ့ပြီးတဲ့ နောက်မှာတော့ Sampeng market ကိုပဲ ရွေးချယ်လိုက်ကြတော့သည်၊၊

Sampeng market တစ်ဖြစ်လဲ Yaowarat လို့ အမည်ရတဲ့ ထို market ဟာ အများစုက Bangkokရဲ့ Chinatown လို့ သတ်မှတ်ထားရလောက်အောင် street food အစုံအလင် ရရုံသာမက၊ အနယ်နယ် အရပ်ရပ်က စျေးသည်များကပါ လာရောက် ရောင်းချကြသဖြင့် လက်ဆောင် ပစ္စည်းဝယ်ရန် အသင့်တော်ဆုံးနေရာလဲ ဖြစ်ပေသည်၊၊

နိုင်နိုင်းတို့ သူငယ်ချင်းငါးယောက်စလုံးဟာ တက်ကြွစွာနဲ့ပင် ထို market ဆီသို့ ချီတက်လာကြတော့သည်၊၊ ထို market ဟာ လွန်စွာမှ ကြီးမားလှပေမယ့် ဆိုင်ခန်းလေးတွေဟာ ကျဥ်းမြောင်းတဲ့ လူသွားလမ်းလေးတွေပဲ ဖြစ်တာမို့ များပြားလှတဲ့ လူတွေကြားမှာ အချင်းချင်း မပျောက်အောင် သတိထားကာ သွားလာနေရသည့် အခြေအနေ ဖြစ်ပေသည်၊၊

နိုင်းနိုင်းကတော့ ပိုလို့ဆိုး၏၊၊ Laila ဟာ နိုင်နိုင်းကို မိမိ၏ကလေးကို လက်တွဲပြုတ်သွားမှာဆိုးသည့် မိခင်အလား မျက်ခြေမပြတ်ကြည့်နေကာ လုံးဝလူချင်းအကွဲမခံပေ၊၊ လူတွေများလှတဲ့ ကြားထဲ Laila ကပါ ဒီလို အတင်းကပ်နေတော့ နိုင်နိုင်း မနေတတ်တော့ ၊၊ သူငယ်ချင်းတွေ အတွက်လဲ စိတ်ရှုပ်ရတာမို့ နိုင်နိုင်း အားနာလှလေပြီ၊၊ ဒါ့ကြောင့် ညက တိုင်ပင် ထားတဲ့ အတိုင်းပဲ နိုင်းနိုင်း သူ့ရဲ့ သူငယ်ချင်းတွေကို မျက်ရိပ်မျက်ခြေ ပြလိုက်ကာ discount ချလို့ လူတိုးနေတဲ့ နေရာရောက်တဲ့ အခါမှာ Laila ကို မျက်ခြေဖြတ်လိုက်ကာ လစ်ထွက်လာခဲ့လိုက်တော့သည်၊၊

Mr. SubmissiveWhere stories live. Discover now