မောင် ကိုယ်တိုင် မောင်းလာသည့် BMW model မြင့်ကားဖြူလေးဟာ တစ်ဖြည်းဖြည်းနဲ့ မြို့အပြင်ဘက်ကို ဦးတည်ကာ မောင်းနှင်လို့နေလေသည်၊၊ မောင့်ရဲ့ အပန်းဖြေ အိမ်ထက်ပင် မြို့နှင့်ဝေးသည့် ထိုနေရာကိုရောက်ရန် အချိန် သုံးနာရီလောက် မောင်းနှင်ခဲ့ရလေသည်၊၊ နောက်ဆုံးတော့ မောင့်ရဲ့ ကားလေးဟာ ကြီးမားကျယ်ပြန့်လှသည့် ခြံဝန်းကြီး တစ်ခု၏ အရှေ့တွင် ရပ်တန့်သွားလေသည်၊၊
တီ! တီ! တီ !
သံတံခါး အမြင့်ကြီးအရှေ့တွင် ကားဟွန်းကို သုံးချက်မျှ တီးလိုက်သည့်အခါ ဝတ်စုံအပြည့်နှင့် ဗလတောင့်တောင့် လူကြီးနှစ်ယောက်ဟာ ခြံထဲကနေ ထွက်လာလေသည်၊၊ မောင့်ရဲ့ မျက်စိဟာ အလွန်လျင်တာမို့ ထိုလူကြီးတွေ၏ ခါးဘေးတွင် ချိတ်ထားသည့် သေနတ်ကို မြင်လိုက်ပါသေးသည်၊၊ သို့သော်လည်း မောင့်ရဲ့ မျက်နှာဟာ ကြောက်ရွံ့ခြင်း အလျင်းမရှိပေ၊၊ ထူးမြတ်မောင်ရဲ့ သေင်္ကတဖြစ်သည့် ဘာမထီသည့် မျက်နှာထားနှင့်သာ ဖြစ်လေသည်၊၊
ဒေါက်! ဒေါက်! ဒေါက် !
ထိုဗလကြီးထဲမှ တစ်ယောက်ဟာ ကားမှန်ကို လာခေါက်တာမို့ မောင် မှန်တံခါးကို ချပေးလိုက်ကာ ခပ်တန်းတန်းလေး ကြည့်လိုက်လေသည်၊၊
*ဘာကိစ္စလဲ ၊၊ ဘယ်သူလဲ *
လေသံမာမာထန်ထန်နှင့် လူကို အချိန်မရွေးထသတ်တော့မည့် ထိုလူကြီးတွေကို မောင် နည်းနည်းလေးတောင် မကြောက်နေပေ၊၊
*မင်းတို့ Boss ကို ထူးမြတ်မောင် လာတယ်လို့ ပြောလိုက်*
ပြောပြီးတာနှင့် ချက်ချင်းပင် မောင် ကားမှန်ကို ပြန်ပိတ်လိုက်လေတော့သည်၊၊ ထို့နောက် ခပ်ချေချေနှင့်ပင် လက်ပိုက်ကာ တံခါးဖွင့် အလာကို စောင့်နေလိုက်တော့သည်၊၊
ဒုန်း! ဒုန်း! ဒုန်း!
ကားတံခါးကို သူတို့ စစ်ဆေးလို့ မပြီးခင် ရုတ်တရက်ကြီး ပြန်ပိတ်လိုက်တာမို့ ထိုဗလကြီးထဲမှ တစ်ယောက်ဟာ ချက်ချင်းပင် ခါးကြားထဲက လက်နက်ကို ထုတ်ကာ မောင့်ကားကို ချိန်ထားလိုက်ပြီး တစ်ဖက်ကနေလဲ တစ်ဒုန်းဒုန်းထုကာ အော်ပြောနေသေးသည်၊၊ ကျန်တဲ့ တစ်ယောက်ကတော့ နားကျပ်ကနေ တစ်ဆင့် အိမ်ထဲကို ဆက်သွယ်နေပုံပင်၊၊
YOU ARE READING
Mr. Submissive
Romance"A Master without a submissive is a guy. Just a guy. " #Quotestest.com