Part-70

7.1K 577 31
                                    

ယနေ့တွင်လဲ ပုံမှန်နေ့များကဲ့သို့ပင် သူ့အချိန်နှင့်သူ မောင် အိပ်ယာထခဲ့လေသည်၊၊ ထို့အပြင် နေ့စဥ်လုပ်နေကြ လုပ်ငန်းစဥ်များတစ်ခုမကျန် အကုန်လုပ်လိုက်လေသည်၊၊ gym ဆော့သည်၊၊ ထို့နောက် ရေမိုးချိုးသည်၊၊ Lucifer ပြင်ဆင်ပေးခဲ့သည့် မနက်စာ နွေးနွေးလေးအား စားကာ တစ်နေ့တာအတွက် ခွန်အားကို မွေးမြူလေသည်၊၊ ထို့နောက် မနက် ကိုးနာရီတိတိ၌ မောင့်၏ ညွှန်ကြားချက်အတိုင်းပင် ပြည့်စုံဟာ အိမ်ရှေ့အထိ မောင့်အား လာခေါ်လေသည်၊၊

*ဟို ...ဟို ...Boss အဆင်ပြေရဲ့လားဟင်၊၊ HM နဲ့ ကိစ္စက ဘယ်လိုဖြစ်ကြတာလဲဟင် ၊၊ အခု တစ်မနက်လုံးလဲ လိုင်းပေါ်မှာ အဲ့အကြောင်းကြီးပဲ၊၊ ရှယ်ယာရှင်တွေလဲ တစ်မနက်လုံး ကျွန်တော့်ကို ဖုန်းတွေပဲ ခေါ်ပြီး သောင်းကျန်းနေတာ ထိန်းလို့တောင် မနိုင်တော့ဘူးဗျ *

ပြည့်စုံဟာ မောင့်အား တွေ့တွေ့ခြင်းပင် မချင့်မရဲဖြစ်နေသည့် မျက်နှာနှင့် မေးလာလေသည်၊၊ မောင့်အတွက်ကတော့ မျှော်လင့်ပြီးသား ကိစ္စမို့ ရင်ပင် ခုန်ဖို့အခွင့်အရေးမရှိတော့ပေ၊၊ ထို့ကြောင့် မောင် ပြည့်စုံအား ကားတံခါး ဖွင့်ရန်သာ အချက်ပြလိုက်ပြီး ကားထဲ ဝင်ထိုင်လိုက်လေတော့သည်၊၊

မောင် ကားထဲဝင်ထိုင်လိုက်သည်နှင့် ပြည့်စုံဟာ မောင့်၏ လက်ထဲသို့ ipad လေးအား ကမ်းပေးလာလေသည်၊၊ ဒါ့ကြောင့် မောင်လဲ မယူချင်ယူချင်နှင့် ယူလိုက်ကာ သတင်းခေါင်းစဥ်အား ဖတ်ကြည့်လိုက်မိလေသည်၊၊

"ယနေ့မှစ၍ HM Entertainment ဟာ HM group နှင့် လုံးဝမသက်ဆိုင်တော့ပါကြောင်း HM Group ဘက်မှ ထုတ်ပြန်လာခဲ့ပါသည်၊၊ "

"ရိုက်ကူးရေးမတော်တစ်ဆမှု ဖြစ်ပွားပြီးနောက် ရှယ်ယာစျေးများ မငြိမ်မသက်ဖြစ်ကာ အမှုရင်ဆိုင်နေရသည့် HM Entertainment ရဲ့ အနာဂတ်ဟာ ပိုလို့ ဝေဝါးလာခဲ့ပြီ ဖြစ်သည် "

မောင် ထိုသတင်းခေါင်းစဥ်များအား ကြည့်ကာ တစ်ချက်ပင် မဲ့ပြုံးပြုံးမိလေသည်၊၊ ထူးမြတ်မောင်လိုလူက ဒီလိုကိစ္စတွေလောက်နဲ့ ပြိုလဲမတဲ့လား ၊၊

ထို့နောက် သတင်းအောက်၌ ရေးထားကြသည့် comment များအား မောင် လိုက်ဖတ်ကြည့်လိုက်မိလေသည်၊၊ အားလုံးဟာ မောင့်၏ ပျက်စီးခြင်းကိုသာ ဦးတည်ပြောဆိုနေကြခြင်း ဖြစ်ပြီး Fanများအနေနဲ့လဲ Company ရှိ artist များ၏ အနာဂတ်အား စိုးရိမ်ထိတ်လန့်နေကြလေသည်၊၊ ထို့ကြောင့် မောင့်အား အခြေအနေအားလုံးကို ဖြေရှင်းရန် အလုအယက်တောင်းဆိုနေကြလေသည်၊၊

Mr. SubmissiveWhere stories live. Discover now