Part-68

7.1K 536 22
                                    

ကိုယ်လုံးတစ်ဝက်ခန့်သာ ပေါ်သော နံရံထက်က မှန်၌ ထင်ပေါ်နေသော ပုံရိပ်အား မောင် အတော်အတန်ကြည့်နေမိလေသည်၊၊ ဒီရက်ပိုင်းအတွင်း ကိစ္စတွေများစွာ ဖြစ်ပျက်သွားတာမို့ မဝတ်တာကြာပြီ ဖြစ်သည့် သေသပ်လှသည့် အနောက်တိုင်း ဝတ်စုံအား တစ်ဖန် ပြန်ဝတ်ရသည့်အခါ HM၏ CEO ဟူသော ဂုဏ်ပုဒ်ဟာ မောင့်၏ ကိုယ်ပေါ်၌ တစ်ဖန်ပြန်လည်ကာ ထင်ဟပ်လာခဲ့ပြီး ယုံကြည်ချက် level ကို လဲတိုးလာစေပေသည်၊၊

ဒီနေ့ဟာ မောင်နှင့် Lucifer နှစ်ယောက်သားလုံး တရားဝင် အမှုစစ်ဆေးမှုခံယူရမည့် နေ့ဖြစ်ပေသည်၊၊ ထို့ကြောင့် မောင့်၏ ပုံစံဟာလဲ လူအများ ထိုးနှက်စရာကောင်းလောက်အောင် ပျော့ညံ့နေ၍မဖြစ်ပေ၊၊ လူအများ လက်ခံထားသည့် ထူးမြတ်မောင်ဟူသည့် ပုံရိပ်အား အပြည့်ပင် ဖြစ်အောင် ပြင်ဆင်ထားလေသည်၊၊

ထို့နောက် မောင် ဆေးရုံခန်း၏ toilet ထဲမှ ထွက်အပြီး ကုတင်ရှိရာသို့ ပြန်လာသည့်အခါ ခပ်လှမ်းလှမ်းရှ်ိ ဆိုဖာပေါ်၌ မောင့်အား ထိုင်ကာ စောင့်ဆိုင်းနေသည့် မောင့်ဘဝ၏ အရှင်သခင်လေးအား တွေ့လိုက်ရလေသည်၊၊

Lucifer ဟာ မောင့်အား တွေ့သောအခါ သူ၏နဘေးနားသို့ ပုတ်ပြကာ လာထိုင်စေသည်၊၊ ထို့ကြောင့် မောင်လဲ Lucifer အား အပြုံးချိုချိုလေးများနှင့် တုန့်ပြန်လိုက်ကာ Lucifer ရှိရာသို့လျှောက်လာလိုက်တော့သည်၊၊ သို့သော် မောင်အမှန်တကယ် ထိုင်လိုက်သည့်နေရာဟာ Lucifer ၏ ဘေးဘက်တွင်မဟုတ်၊ မောင်သာလျှင် ပိုင်ဆိုင်သည့် Lucifer ၏ ပေါင်ပေါ်၌ ဘေးတစ်စောင်းဝင်ကာ ထိုင်လိုက်ခြင်း ဖြစ်ပေသည်၊၊ 

ပြွတ်စ်!

ထိုအခါ Lucifer ကလဲ မောင့်၏ ခါးအားဖက်ကာ ထိန်းယူထားလိုက်ပြီး နှုတ်ခမ်းထက် အနမ်းတစ်ပွင့်အား စွန့်ကျဲလာလေသည်၊၊

*မနက်စာစားပြီး ဆေးသောက်သွားရမယ်လေ မောင် *

*ကော်ဖီသောက်ချင်တယ်*

Lucifer မကြိုက်မှန်းသိတာမို့ မောင် သပ်သပ်ပင် Lucifer ၏ လည်ပင်းအား လက်နှစ်ဖက်နှင့်ချိတ်ကာ ချွဲလိုက်လေသည်၊၊

ဖြန်း!

*အင့်!*

ထိုအခါ Lucifer ၏ ခပ်စပ်စပ် ရိုက်ချက်လေးဟာ မောင့်၏ တင်ပါးထပ်သို့ ကျရောက်လာလေတော့သည်၊၊ ထိုအခါ မောင် အလန့်တကြား အသံထွက်လိုက်မိပေမယ့် ကျေနပ်စွာပင် အောက်နှုတ်ခမ်းအား ကိုက်မိလိုက်ပေသည်၊၊

Mr. SubmissiveWhere stories live. Discover now