🍀.Clover

18.5K 658 98
                                    

Unicode

ပါးပြင်ကို ဖြတ်တိုက်သွားသည့် ခပ်အေးအေးလေတွေ.. နားထဲမှာ ကြားနေရတဲ့ ခပ်သေးသေး ပိုးကောင်တွေရဲ့ အသံ စူးစူးတွေ..

အထိအတွေ့အာရုံနဲ့ အကြားအာရုံကြောင့်ပင် ညရောက်နေပြီဆိုတာကို သိလိုက်သည်။

" ငါဂျွန့်ကိုလွမ်းတယ် "

တစ်ကိုယ်တည်း ကြားရုံလောက်သာ ရေရွတ်လိုက်ရင်း နှစ်ခြိုက်စွာ ပြုံးလိုက်သည်။

မျက်လုံးတွေကပဲ ကွယ်နေလို့လား..
နှလုံးသားကပဲ တောင်းတနေလို့လား..
ငါမင်းကိုသိပ်လွမ်းနေတယ် ဂျွန်။

ဦးနှောက်က တွေးနေသည့် အတွေးတွေကို နှုတ်မှအားရစွာ ရယ်လိုက်ရင် ခပ်ကျယ်ကျယ် လှောင်ရယ်ပစ်လိုက်သည်။

ချစ်ပါတယ်။
ရှင်သန်နေသ၍ ချစ်နေမှာပါလို့
ပြောခဲ့စဉ် မင်းအချစ်ကို တန်ဖိုးမထားခဲ့ဘူး။

မင်းအချစ်ကိုမှ မဟုတ်ဘူး ဂျွန်။
ဘယ်သူ့ဆီက အချစ်ကိုမှ တန်ဖိုးမထားချင်ခဲ့ဘူး..

ဖေဖေတောင် မေမေ့ကိုချစ်တယ်ပြောပြီး သွေးမျက်ရည်ကျအောင် လုပ်ခဲ့တာပဲမလား.. သိပ်မုန်းဖို့ကောင်းတယ်..

မင်းကိုမြင်တိုင်း ခုန်လာသည့် နှလုံးသားကို လစ်လျူရှုခဲ့တယ်။ မင်းတောင်းပန်တိုင်း နောင်တရမိသည့်
ငါ့အတွေးတွေကို ပယ်ဖျက်ပြစ်တယ်။

အချစ်ဆိုတာကို မယုံကြည်ချင်ခဲ့ဘူး။ အခုတော့ ငါ့ကမ္ဘာက ပြောပြသည့် အချစ်အကြောင်းကို နားလည်လိုက်ပြီ ဂျွန်။

ငါ့အတွက် အချစ်ဆိုတာ ဂျွန်..

အချစ်ဆိုတာ ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီး မပြောတတ်..

အချစ်ကဘာလဲလို့ မေးလာရင် လှပသည့် ဒသနတွေထပ် ဂျွန်လို့ပဲ ပြုံးရင်း ဖြေလိုက်မည်။

ငါရဲ့အလင်းမဲ့ ကမ္ဘာမှာတော့
အချစ်မရှိ မင်းသာရှိသည် ဂျွန်။

ညတိုင်း တီးပြတတ်သည့် စန္ဒယား သံစဉ်တွေကို ကြားယောင်မိသည်မှာ အချိန်တိုင်းလိုလို။

မနက်တိုင်း မနက်စာပြင်ပေးနေသည့် ပုံရိပ်တွေက ငါ့ကမ္ဘာရဲ့ နေထွက်ချိန်ဖြစ်ပြီး စန္ဒယားပေါ်မှာ ပြေးလွှားနေသည့် မင်းရဲ့လက်ချောင်းတွေက နေဝင်ချိန်ဖြစ်သည်။

CLOVER - Volume 2 {Completed}Where stories live. Discover now