🍀41.Clover

2.7K 394 100
                                    

Unicode

ဆေးရုံတံခါးကို တွန်းဖွင့်လိုက်သည့် အသံဟာ ဒုန်းခနဲ။

' အကိုဂျွန်.. '

မောဟိုက်နေသည့် အသံငယ်ဟာ ဆေးရုံခန်းဝယ် ပျံလွင့်ကာ တိတ်ဆိတ်မှုကို ဖြိုခွဲသည်။

ပြေးဝင်လာသည့် ကောင်လေးရဲ့ ခြေထောက်‌တွေမှာ ဖိနပ်တောင်ရှိမနေ။

ကုတင်ပေါ်မှာ မေ့မြောနေသည့် သူ..
လက်ဖမိုးနဲ့ နှာခေါင်းမှာလည်း ဆေးပိုက်တွေနဲ့။

တကယ်ပဲ အကိုက ကိုမာဝင်သွားခဲ့တာလား..
ဘာလို့လဲ

' သားရောက်လာပြီလား '

အယောင်ယောင် အမှားမှားဖြင့် ဂျီယွန်းခေါင်းညိတ်လိုက်ကာ အန်တီနဲ့အန်ကယ်ကို နှုတ်ဆက်လိုက်သည်။

နောက်အကိုဂျွန့်နားကို တစ်လှမ်းချင်း လှမ်းသွားလိုက်တော့ ဘေးနား အန်တီက ဖြစ်ကြောင်းကုန်စင်ကို ပြောပြသည်။ အန်တီ့အသံတွေက တုန်လို့နေသည်။

အချိန်တော်တော်ကြာကြာသာ သူထိုနေရာလေးမှာသာ ထိုင်နေမိသည်။

သူဆေးရုံကို ရောက်နေတာ ငါးနာရီလောက်ရှိနေပြီကို ထိုငါးနာရီအတွင်းမှာကို သွင်းနေရသည့် ဆေးပုလင်းတွေဟာ သုံးပုလင်းလောက်ရှိနေပြီ။

သူနာပြုကို မေးကြည့်တော့ လူနာက အစာမစားနိုင်တာမို့လို့ သတိမရမချင်း ဆေးကိုပဲ သွင်းနေရမှာတဲ့..။

အနည်းငယ် ဖောင်းနေသည့် သွေးကြောကိုကြည့်ကာဖြင့် သူ့ရင်တွေနာကျင်လာရသည်။

ဒါတွေက ဟိုကောင်ကြောင့်..

အဲ့ဒီထယ်ဟျောင်းဆိုတဲ့ ကောင်သာ အကို့ကို ထားမသွားရင် အခုလိုဖြစ်လာစရာကို အကြောင်းမရှိတာ..

အကျိုးကိုမပေးတဲ့ကောင်..

' သားနားရင်နားအုန်းလေ။ အန်တီတို့ပဲ ဆက်စောင့်လိုက်မယ်။ အလုပ်ကိစ္စတွေကိုတော့ အဆင်ပြေ
အောင်သာ ကြည့်လုပ်လိုက်ပါတော့ သားရယ် '

ပြောနေရက်နှင့်ပင် မျက်ရည်တွေ ဝဲလာသည့် အန်တီ။

သူလည်းအလုပ်တွေကို ဒိုင်ခံပြီးသာ ကြည့်လုပ်ရမည်မို့ ဆေးရုံမှ ထွက်လာခဲ့သည်။

CLOVER - Volume 2 {Completed}Where stories live. Discover now