🍀19.Clover

2.7K 390 67
                                    

Unicode

' ကိုကို '

ချယ်ရီပွင့်လေးတွေကို မမှီတမှီဖြင့် လှမ်းခူးနေသော ကွန်။ ဆံပင်ပျော့ပျော့လေးတွေဟာ လေးတိုက်လိုက်တိုင်း တလွင့်လွင့်နှင့်ပင်။ အနောက်ဖက်က အသံစူးစူးလေးကြောင့် ကွန်ဟာ လှည့်ကြည့်လိုက်သည်။

မျက်မှန်နောက်မှ မျက်လုံးလှလှလေးတွေက ဝိုင်းစက်ကာဖြင့် ပြေးလာသည့် ကလေးလေးကိုသာ ကြည့်နေမိသည်။

လွယ်အိတ်အနီလေးနဲ့ စတော်ဘယ်ရီလုံးလေးလို ချစ်စရာ ဒုံဟွာလေးက လုံးတုံးလုံးတုံးဖြင့် ပြေးလာသည်မို့ ကွန်သွားစွယ်ချွန်ချွန်လေးတွေပေါ်သည်အထိ ပြုံးလိုက်ရင်း ထိုနေရာလေးမှာသာ ရပ်စောင့်နေလိုက်သည်။

' ကိုကို..ကိုကို အ..!! '

ဘာတွေများ ဒီလောက်ပြောစရာတွေရှိနေလဲမသိ အသားကုန် ပြေးလာသည့် ဒုံဟွာလေးဟာ
သူ့အတွေးကိုတောင် မဆုံးစေဘဲ ချော်လဲပစ်သည်။

မှောက်ရက်လေးဖြင့် တအင့်အင့်ဖြစ်နေသည့် ဒုံဟွာလေးနားကို ကွန်အပြေးလေး သွားလိုက်ရင်း
ထူပေးလိုက်သည်။

' ဘာဖြစ်သွားသေးလဲ ဘယ်နားနာသွားလဲ '

လက်မောင်းလေးတွေကို ကိုင်ကာဖြင့် ထူလိုက်တော့ နှုတ်ခမ်းသေးသေးလေးဟာ ခုံးလို့နေလေပြီ။

' အင့်..ကိုကို အီးး ဟီးး ဒူးကသွေးတွေ '

ဟုတ်ပါ့။ ခပ်ကြမ်းကြမ်း မြေကြီးတွေကြောင့် ဒုံဟွာလေး ဒူးခေါင်းက ပွန်းပဲ့လို့သွားလေပြီ။ ကွန်လည်း ဘာလုပ်လို့လုပ်ရမှန်း မသိတာကြောင့် လွယ်အိတ်ထဲက ရေဘူးလေးကို ထုတ်ကာဖြင့် ဆေးပေးလိုက်ရင်း လက်ကိုင်ပုဝါလေးနဲ့ စည်းပေးလိုက်သည်။

' ကိုကို့ကျောပေါ်တက် ကျောင်းဆေးခန်းသွားရမယ် '

' သွားဘူး။ သွားဘူး။ ဆေးထိုးလိမ့်မယ် ကိုကို '

' မငိုနဲ့လေ။ ဆေးမထိုးဘူး ဟုတ်ပြီလား '

လက်သေးသေးလေးတွေကို ဆုပ်ကိုင်လာသည့် လက်သွယ်သွယ်လေး။

ဝိုင်းစက်စက် မျက်လုံးပြာပြာလေးနဲ့ ဒုံဟွာလေးဟာ ခေါင်းလေးကို ညိတ်ကာဖြင့် ကွန့်ကျောပေါ်ကို တက်လိုက်သည်။

CLOVER - Volume 2 {Completed}Where stories live. Discover now