🍀15.Clover

2.9K 409 49
                                    

Unicode

အစည်းအဝေး ရှိတာကြောင့် ဖုန်းကို ခဏအသံပိတ်ထားရင်းမှ အစည်းအဝေးပြီးတော့ အချိန်ကိုက်ပင် ဝင်လာသော စိမ်းသက်သက် နံပါတ်တစ်ခု။

' ဟယ်လို.. '

' ဒုံဟွာလေးအဖေလားမသိဘူး.. အခု ဒုံဟွာလေး နေမကောင်းဖြစ်နေလို့ အဲ့ဒါရှင်လာခေါ်မှဖြစ်မယ် '

တစ်ဖက်က ဆရာမအသံကြောင့် ဂျွန်အမြန်ပင် ကျောင်းကိုပြေးရတော့သည်။‌ နေ့လယ်လောက် ဖြစ်သည့်အတွက် ရှင်းနေသည့် ကားလမ်းကြောင့် နှုန်းကိုမြှင့်ကာပင် မောင်းရတော့သည်။

' သားလေး.. '

' ဖေဖေ။ အီးး ဟင့် '

ကလေးသေးသေးလေးတွေကြား အနီရောင် စတော်ဘယ်ရီလုံးလေးကို လိုက်ရှာလိုက်တော့ စားပွဲပုပုသေးသေးပေါ်မှာ ထိုင်နေသည့် ကျနော်အချစ်ကလေး။

လက်ကိုင်အိတ်ကို လက်ကောက်ဝတ်မှာ အသာချိတ်လိုက်ရင်း ပြေးလာသည့် သားလေးရဲ့ကိုယ်လေးကို ပွေ့ပိုက်လိုက်သည်။

ပူကျစ်နေသည့် ကိုယ်လေးကြောင့် ဂျွန်သက်ပြင်းချကာပင် ဆရာမကို ခွင့်တိုင်လိုက်သည်။

' သားလေး.. ဖေဖေ့ကလေးလေး ဘာလို့ငိုနေတာလဲကွာ.. '

နေမကောင်းရင် ကိုယ်လက်တွေကိုက်လို့ဖြစ်မယ် သားကသိပ်ငိုသည်။ အခုလည်း ကားပေါ်မှာ ပေါင်ပေါ်က မဆင်း လည်ပင်းကို ကုတ်တွယ်ကာပင် နေနေသည်။

' မငိုနဲ့တော့လေ တိတ်တော့ '

မျက်နှာသေးသေးလေးပေါ်က မျက်ရည်စတွေကို လက်ဝါးကျယ်ဖြင့် သုတ်ပေးလိုက်သည်။ ပါးဖောင်းဖောင်းလေးကို ဖိနမ်းလိုက်သည်။

' အီးး ဖေဖေ။ ခေါင်းမူးတယ်.. ဟင့် '

ရှိုက်ငိုနေသည့် သားလေးကို ပွေ့ဖက်ပေးကာပင် ဆေးခန်းကို မောင်းရတော့သည်။

' ဟင့်အင်း.. ဆေးထိုးဘူးနော် ပါးပါး.. '

ဆေးထိုးအပ်မြင်တော့ ပိုလို့ပင် ငိုလာသည့် သားကိုကိုယ်ပေါ်က ပြုတ်မကျအောင် မနည်းကို ထိန်းထားရသည်။ ဆရာဝန်ကတော့ ကော့ထိုးနေသည့် ကလေးလေးကြောင့် ဆေးပဲထိုးရမလား သူ့ကိုပဲ ချုပ်ရတော့မလားတောင် မသိတော့။

CLOVER - Volume 2 {Completed}Where stories live. Discover now