🍀47.Clover

3.1K 367 78
                                    

Unicode

John ဆိုသည့် စာလုံးများ ထုထွင်းလို့ထားသည့် သရေပိုက်ဆံအိတ်ထဲမှ တွေ့ရှိခဲ့သည့် ဓာတ်ပုံလေး နှစ်ပုံ။

ထိုဓာတ်ပုံနှစ်ပုံမှ အစပြုသည်။

အနည်းငယ် ‌အရောင်မှိုင်းနေသည့် ထိုပုံလေးတစ်ပုံဟာ ခေါက်ပိုက်ဆံအိတ်လေးရဲ့ အတွင်းတစ်နေရာမှာ တည်ရှိသည်။

ဓာတ်ပုံထဲမှာ ပြုံးရယ်နေသည့် ကောင်လေးတစ်ယောက်ဟာ ထယ်ဖြစ်သည်။ ဂျွန်ပြုံးလိုက်ရင်း ထိုပုံလေးကိုအထုတ်‌ ရောယောင်ကာ ထွက်ကျလာသည့် ဓာတ်ပုံနောက်တစ်ပုံ။

ကြမ်းပြင်ပေါ်က ဓာတ်ပုံကို ကောက်ယူလိုက်ရင်း ကြည့်လိုက်တော့ သူနဲ့အတူတူရှိနေသည့် မိန်းကလေးတစ်ဦး။

သေချာစိုက်ကြည့်သော်လည်း သူထိုမိန်းကလေးကို စဉ်းစား၍မရ။

ထယ့်ကိုမေးမိတော့ ထယ်ကသူ့ကိုစိတ်ဆိုးသည်။ မခံနိုင်ဘူး။ ထယ်ကျောခိုင်းထားသည်က ကျနော့်ကိုရင်ကွဲစေတယ်။

တစိမ့်စိမ့်ဖြင့် သွေးတွေစီးကျလာသလို.. ကျောခိုင်းထားသည့် ထယ်ရဲ့ကျောပြင်ငယ်ကို ကြည့်နေရတာဟာ ကျနော့်ကို ပြိုလဲစေတယ်။

ရုတ်တရက်ပင် ကျဆင်းလာသည့် ဒီမျက်ရည်တွေမှာ အကြောင်းတွေရှိသည်။

ထိုအကြောင်းတွေကို ခေါင်းကိုက်သည်အထိ စဉ်းစားရင်း အာရုံထဲဝင်လာသည်က စိတ်ဌာန။

ကုတင်ပေါ်က ဆင်းရင်း တစ်လှမ်းချင်း အခန်းပြင်ကို ထွက်သွားမိသည်။ ကြွေပြားတွေ‌‌ဟာ အေးစက်နေသော်လည်း သူ့နှလုံးသားဟာတော့ ပူလောင်လို့နေသည်။

ကယောင်ကတမ်းဖြင့် ဟိုဟိုဒီဒီ ရှာကြည့်ရင်း သူတွေ့ခဲ့သည်။ နားထဲဝင်လာသည့် စကားသံတွေ..

' မောင်.. '

နားနှစ်ဖက်ကို ပိတ်လိုက်မိသည်။ တွန့်ခနဲဖြစ်သွားသည့် သူ့ရဲ့ပုခုံးတွေ။

နံရံကိုမှီကာ ကြမ်းပြင်ပေါ် ထိုင်ချလိုက်တော့ မျက်လုံးထဲ ဝင်လာသည်က ပန်းနုရောင် နှင်းဆီပွင့်တွေ..။

သူမ..ဆောင်း..။

" ဒေါက်တာက ဆေးစစ်ချက် အဖြေထွက်လာပြီတဲ့ "

CLOVER - Volume 2 {Completed}Where stories live. Discover now