🍀12.Clover

3K 408 68
                                    

Unicode

ဒီနေ့ဒုံဟွာလေးကို သွားကြိုရမယ်နေ့ပေမို့ ဂျွန်ကျောင်းကို အရင်မောင်းလိုက်သည်။

ဒုံဟွာလေးတို့တက်တဲ့ ကျောင်းက အလယ်တန်းလောက်ထိ ရှိတဲ့ ကျောင်းတစ်ကျောင်းဖြစ်တာကြောင့် ကျောင်းရဲ့ဝန်းကလည်း ကျယ်ကာ ကျောင်းသားဦးရေကလည်း များသည်မို့ အချိန်အလိုက် ခွဲလို့ဆင်းကြသည်။ ကျောင်းတံခါးရှေ့မှာ ရှိနေသည့် လူအုပ်ကြီးကတော့ မူကြိုကျောင်းသားမိဘတွေပင်။

' ထယ်ဒီမှာစောင့်နေနော် '

' ငါရောလိုက်မယ်လေ ဂျွန် '

သူ့စကားကိုတောင် မစောင့်ဆင်းသွားပြီဖြစ်တဲ့ ဂျွန့်ကြောင့် ထယ်ဟျောင်း ခါးသိုင်းကြိုးကို
ဖြုတ်ကာဖြင့် ဂျွန့်နောက်ကိုသာ အမြန်ပြေးလိုက်သည်။

တံခါးပေါက်နားမှာ ရပ်ကာ ဂျွန်က ခြေထောက် နှစ်ဖက်ကို ထောက်ကာဖြင့် ကျောင်းဝင်းထဲကို သေချာကြည့်နေသည်။

' သားကထွက်လာမှာပါ ဂျွန်ရယ်.. '

ထယ့်စကားကိုကြားတော့ ဂျွန်နှစ်ခြိုက်စွာပင် ရယ်သည်။

ထွက်မလာသေးသည့် ကလေးလေးကို ဂျွန်ဘယ်လောက်တောင် တွေ့ချင်နေလည်းဆိုတာ သူခံစားမိနေသည်။

သိပ်မကြာ ပြေးထွက်လာသည့် ကလေးသေးသေးလေးတွေကြားမှာ ထင်းနေသည့် အနီရောင် လွယ်အိတ်လေးနဲ့ ပြေးလာသည့် ဒုံဟွာလေး။ ဖေဖေဆိုကာ ဂျွန့်ရှေ့ကို တည့်တည့်မတ်မတ် ပြေးလာသည့် ဂျွန့်သားလေး။

' ဖေဖေ။ '

' လွမ်းလိုက်ရတာ ဖေဖေ့သားလေး '

လုံးတုံးလေးက အပြေးလေး ကျနော့်ရှေ့ကို ရောက်လာချိန် အူယားသည်မို့ အမြန်မ
ချီလိုက်ကာပင် ပါးဖောင်းဖောင်းလေးကို နစ်ဝင်အောင် နမ်းလိုက်သည်။

ဒီနို့နံ့လေးကို မရတာ တစ်ပတ်လောက်ရှိပြီမို့ ခဏခဏ နမ်းနေမိပါရဲ့။

' သားပါးတွေ နာနေပြီ '

နှုတ်ခမ်းသေးသေးလေးကို ထော်ကာဖြင့် ရန်တွေ့နေသည်ကြောင့် ဂျွန်ပိုလို့ပင် နမ်းမိသည်။

' မွ.. မွ.. မွ.. မွှေးလိုက်တာကွာ '

' ဖေဖေ ! '

CLOVER - Volume 2 {Completed}Where stories live. Discover now