🍀22.Clover

2.9K 395 58
                                    

Unicode

' ထယ်။ ငါကနောက်ကျမှာမို့လို့ နေ့လည်စာကို စောင့်မနေပဲ သွားစားနော်.. '

တိုင်မှာချိတ်ထားသည့် ကုတ်အင်္ကျီ မီးခိုးရောင်ကို ယူကာဖြင့် သူ့နားကို ဝင်ထိုင်ကာ ပြောလာသည့် ဂျွန်။

သိပ်မကြာ ပါးပြင်ပေါ် ရောက်လာသည့် အနမ်းနွေးနွေး။

' ဘယ်သူနဲ့သွားတွေ့မှာလဲ.. '

' အလုပ်ကိစ္စနဲ့ပါ '

' ကြာမှာလားဟင်..ဘယ်လောက်ကြာမှာလဲ.. '

ကောင်လေးက မျက်လုံးဝိုင်းလေးတွေနဲ့ မေးလာတာ..

' အင်းး နာရီပိုင်းလောက်တော့ကြာမှာ.. ဘာလဲ လွမ်းလို့လား '

' လွမ်းနေမှာ.. '

ပင့်တက်သွားသည့် မျက်ခုံးနက်နက်လေးတွေ။ ငြိမ်သွားသည့် ဂျွန့်ကို ကြည့်ရင်း ထယ်ဟျောင်း ပြုံးလိုက်ကာပင် ဂျွန့်မျက်နှာလေးကို အုပ်ကိုင်လိုက်ရင်း ပါးလေးနှစ်ဖက်ကို တစ်ချက်ဆီ ခပ်ဖွဖွလေး နမ်းလိုက်သည်။

' နောက်ကျနေမယ် သွားတော့လေ '

ပြုံးကာဖြင့် ငေးကြည့်နေသော ဂျွန်က သိပ်မကြာ သူ့ကိုပွေ့ဖက်ကာဖြင့် ထွက်လို့သွားသည်။

ဂျွန်ထွက်သွားပြီးမှ သက်ပြင်းတစ်ချက်ချကာဖြင့် ဘေးနားက ဖုန်းကိုကောက်ကိုင်လိုက်သည်။

တစ်ချိန်လုံးခေါ်နေတာတင် အားမရလို့ စာတွေပါပို့နေသည်ကြောင့် ထိုနံပါတ်ကိုပဲ ပြန်ခေါ်လိုက်တော့ တစ်ဖက်က LV ကဒေါသထွက်လို့နေသည်။

' ဘာကိစ္စလဲ ငါ့ကိုမဆက်သွယ်နဲ့လို့ပြောထားတယ်လေ '

' ပြောစရာရှိတယ် တစ်နေရာရာမှ တွေ့မှဖြစ်မယ်။ မဟုတ်ရင် ငါကိုယ်တိုင် မင်းဆီလာရလိမ့်မယ် '

LV အသံကိုနားထောင်တာနဲ့ ဘယ်လောက်တောင် ဒေါသထွက်နေလဲ သူသိလိုက်သည်။ အဆက်အဆက်တွေ ထပ်မလုပ်ချင်ပေမယ့်လည်း သူတို့က ဘယ်လိုလူတွေလည်း ဆိုတာကို သိနေတာကြောင့် ထယ်ဟျောင်း သွားဖို့ဆုံးဖြတ်လိုက်သည်။

ဂျွန်ကလည်း ရုံးမှာမရှိတာမို့ ကုတ်အင်္ကျီကို ယူကာပင် အပြင်ကို ထွက်လာခဲ့သည်။ နေ့လည်ခင်း ဖြစ်သော်လည်း လေအေးတွေက တိုက်နေတာကြောင့် နွေးနေသည့် သူ့လက်ဖျားတွေက ချက်ချင်းပင် အေးစက်သွားရသည်။

CLOVER - Volume 2 {Completed}Where stories live. Discover now