🍀26.Clover

3K 386 59
                                    

Unicode

မိုးလင်းတော့ ဆိုင်သွားဖို့ ယွန်းဂီပြင်လိုက်သည်။ ဂျီမင်းအခန်းရှေ့က ဖြတ်မိတော့ သူ့မျက်လုံးတွေက ပိတ်ထားသည့် အခန်းတံခါးလေးကို ကြည့်မိသေးတာ။

"အကိုကျနော်ပြောစရာရှိတယ်"

အခန်းထဲက မထွက်မှီ သူ့အင်္ကျီစလေးတွေကို ဆွဲကိုင်ကာဖြင့် ပြောလာသည့် ကောင်လေး။ မျက်လုံးလေးတွေက လှုပ်လှုပ်ရှားရှားဖြင့် စိတ်လှုပ်ရှားနေပုံပင်။

အရာအားလုံးကို သိနေတာကြောင့် သူဆွဲကိုင်ထားသည့် ကောင်လေးရဲ့လက်လေးတွေကို အသာလေး ဖြုတ်ချကာဖြင့် ငါအိပ်ချင်နေပြီဆိုတဲ့ စကားလုံးတွေနဲ့ ငြင်းပယ်ခဲ့သည်။

ငါမမှားဘူး မဟုတ်လား..?
ဒါမှမဟုတ် ငါမှားတာလား..?

မျက်လုံးတွေကို မှိတ်ချကာ ခေါင်းတွေကို ခါရမ်းလိုက်သည်။ ကိုင်ထားသည့် အနွေးထည် အင်္ကျီလေးကို ပုခုံးပေါ်တင်လိုက်ကာဖြင့် သူအောက်ထပ်ကိုသာ ဆင်းလာခဲ့သည်။

' ကွန်လေး ကျောင်းသွားတော့မလို့လား '

သူဆင်းလာတော့ အိမ်ပေါက်ဝလေးမှာ ထိုင်ကာဖြင့် ဖိနပ်ကြိုးလေးကို ချည်နေသည့် ကောင်ကလေး။

လွတ်အိတ်လေးနဲ့ ကျောင်းသွားဖို့ပြင်နေတဲ့ ကွန်လေးကို မြင်တော့ မင်အိမ်ပတ်ဝန်းကျင်ကို လှည့်ကြည့်ရင်း မေးလိုက်သည်။ နောက်ကောင်လေးဟာ ပါဝါမျက်မှန်ဝိုင်းလေးကို ပင့်တင်လိုက်ရင်း ခေါင်းလေးကို ညိတ်ကာဖြင့် ပြောသည်။

' ဟုတ်။ '

မီးဖိုခန်းထဲကို ကြည့်တော့လည်း ဂျီမင်းကို မတွေ့တာကြောင့် မင် ကွန်လေးဆံပင်လေးတွေကို ဖွလိုက်ရင်း..

' မင်းပါပါးရော.. '

' ပါးက နေမကောင်းလို့တဲ့ '

' မနက်စာရော စားပြီးပြီလား '

ခေါင်းလေးခါသည့် ကွန်လေးကြောင့် မင်မျက်မှောင်ကျုံ့လိုက်သည်။

' လာခဲ့။ ဦးတစ်ခုခု ပြင်ဆင်ပေးမယ် '

' ရတယ် ဦး။ သားကျောင်းမှာ ဝယ်စားလိုက်လို့ရတယ် ကျောင်းကိုသာ လိုက်ပို့ပေးနော် '

CLOVER - Volume 2 {Completed}Where stories live. Discover now