🍀32.Clover

2.8K 365 30
                                    

Unicode

ထယ်ဟာ ဂျွန့်ရင်ခွင်ထဲမှ မထွက်ပါ။ သူ့လက်ချောင်းသွယ်သွယ်လေးတွေဖြင့် ဂျွန့်မျက်နှာကို တို့ထိနေပြီး ဆော့ကစားကာပင် ပြုံးရယ်လို့ နေသည်။ ဂျွန်ကတော့ တီဗွီမှာ လာနေသည့် အစီအစဉ် တစ်ခုကိုသာ စိုက်ကြည့်နေသည်။

' အ ! နာတယ်။ '

သူ့နှုတ်ခမ်းကို ထယ်ဟာ လက်ချောင်းလေးတွေနဲ့ မထိတထိ လာစနေတာကြောင့် ယားလာရသည်။ ဒါ ကိုသိရဲ့သားနဲ့ လိုက်စနေတာကြောင့် လက်ချောင်းထိပ်လေးကို ကိုက်လိုက်တော့ နှုတ်ခမ်းလေး ဆူကာဖြင့် အော်သည်။

မော့ကြည့်လာသည့် မျက်ဝန်းနက်တွေက ပြောမပြတတ်အောင် သူနဲ့လိုက်သည်။

ကျနော်အသားကျခဲ့ပြီ။

' မစနဲ့တော့ '

' ဒါဆိုနားလေးကိုကိုင်မယ်လေ.. အ! ဟင်.. '

နားကို လှမ်းလေးနေသည့် လက်လေး နှစ်ဖက်ကို နောက်ပစ်ကာဖြင့် ချုပ်လိုက်သည့် ဂျွန်။

' ဘာလို့လဲ.. '

မေးလိုက်တော့ အဖြေကိုမရဘဲ ဂျွန့်မျက်နှာက ငုံ့ကျလို့လာသည်။ မျက်လုံးတွေကို မှိတ်ချလိုက်တော့
စိုအိအိ နှုတ်ခမ်းတစ်စုံ..

အလိုက်သင့်သာ တုန့်ပြန်မိသည်။ သိပ်မကြာ ဂျွန်ဟာ ချုပ်ထားသည့် သူ့လက်တွေကို လွှတ်ပေးကာဖြင့် သူ့ခါးတွေကို မချီသည်။

မြန်ဆန်ပြီး သန်မာသည့် ဂျွန်ဟာ သူ့လက်မောင်းတွေဖြင့် ပေါင်ပေါ်ကို ပြောင်းတင်လိုက်တာကြောင့် ထယ်ဟျောင်း ဂျွန့်လည်ပင်းကိုသာ ဖက်ထားမိသည်။

ပါးပြင်က ခရမ်ရနံ့လေးကို တဝကြီး ရှူရှိုက်ကာဖြင့် ထယ်ဟျောင်းရဲ့ လည်းပင်းသားလေးတွေကို အရာမထင်အောင် ဖိနမ်းလို့နေသည်။

သူ့ဆံပင်တွေကို ထိုးဖွလာသည့် လက်ချောင်းလေးတွေကို ယှက်ကိုင်လိုက်ကာဖြင့် နဖူးလေးကို တစ်ချက် နမ်းကာပင် အဆုံးသတ်လိုက်သည်။

ဝေ့ဝဲနေသည့် မျက်ဝန်းလေးတွေကို မြင်တော့ ထယ်ပြောဖူးတဲ့ စကားလေးတစ်ခွန်း။

မင်းအတွက် ပထမဆုံးက ငါမဟုတ်တာကို မကြိုက်ဘူး တဲ့..။

မင်းမကြိုက်တာမို့လို့ အမှတ်ရအောင် ထပ်မလုပ်ဘူးလို့ ကတိပေးတယ် ထယ်။

CLOVER - Volume 2 {Completed}Where stories live. Discover now