🍀16.Clover

2.8K 419 29
                                    

Unicode

မနက်မိုးလင်းတော့ အခန်းပြင်မှ ဆူဆူညံညံ စကားပြောသံကြောင့် ထယ်ဟျောင်း သူ့လက်ချောင်းတွေဖြင့် မျက်လုံးကို ပွတ်လိုက်သည်။ ဘေးနားကို ကြည့်လိုက်တော့လည်း လွတ်နေသည့် နေရာလွတ်။

' ဂျွန်.. '

အိပ်ချင်မူးတူးဖြင့် တံခါးလက်ကိုင်ကို ဆွဲလှည့်လိုက်ရင်း ခေါင်းလေးကို ထွက်ကြည့်လိုက်သည်။

မျက်လုံးဝိုင်းလေးတွေက ဟိုဟိုဒီဒီ ကြည့်နေပြီးနောက် စကားပြောသံ တချို့ကို ကြားလိုက်ရသည်။ ဧည့်သည်ရောက်နေတာဖြစ်မယ်လို့ တွေးလိုက်ရင်း မျက်နှာသစ်ကာပင် ကိုယ်လက်သန့်စင်လိုက်သည်။

စိုသွားသည့် ဆံပင်တွေကို လက်ဖြင့်ခါကာပင် အပြင်ကိုထွက်လာခဲ့တော့ ထမင်းစားဝိုင်းမှာ စာရွက်တွေဖြင့် အလုပ်ရှုပ်နေသော ဂျီယွန်းနဲ့ဂျွန်။

' ထယ်။ နိုးလာပြီလား မနက်စာပြင်ထားတယ်။ စားလိုက်နော် '

ဂျွန်က စားပွဲနားမှာ ရပ်နေသည့် ထယ့်ကိုမြင်တော့ ထိုသို့သာ ပြောကာဖြင့် အလုပ်ကိုသာ ဆက်လုပ်လို့နေသည်။

ဂျွန်က သူ့ကိုရှိတယ်တောင်မထင်။ ဂျီယွန်းနဲ့သာ စကားပြောနေတာကြောင့် သူဒီတိုင်းလေးသာ မျက်နှာချင်းဆိုင်နေရာလေးမှာ ဝင်ထိုင်ကာဖြင့် ပေါင်မုန့်နို့ဆမ်းကို စားနေလိုက်သည်။

စားနေရင်း သူ့မျက်လုံးလေးတွေကို လှန်ကာ ဂျွန့်ကိုကြည့်လိုက်သော်လည်း ဂျွန်ကတော့ စာရွက်တွေကိုသာ စိုက်ကြည့်လို့နေသည်။

' ဒီဇိုင်းပိုင်းကတော့ ဆရာ့ကိုပဲ မေးလိုက်ပါ။ သူ့စာအုပ်ပဲ သူစိတ်ကြိုက်လုပ်ပါစေ '

' ဟုတ်ကဲ့ အကို။ ဒါဆိုကျနော်သွားတော့မယ်။ နောက်ပြီးတော့ ဒီနေ့ နေ့လည် အစည်းအဝေးရှိတယ်နော် မေ့နေမှာစိုးလို့ '

' အင်း။ ကိုယ်လိုက်ပို့မယ် '

စာရွက်ဖိုင်တွေကို ပိုက်ကာဖြင့် ပြောလာသည့် ဂျီယွန်းပုခုံးကို ပုတ်ကာပင်ပြောသည့် ဂျွန်။ နောက်တော့ အပြင်ကို ထွက်သွားကြသည့် ဂျီယွန်းနဲ့ဂျွန်။

CLOVER - Volume 2 {Completed}Where stories live. Discover now