🍀24.Clover

2.9K 372 24
                                    

Unicode

*ဒေါက်ဒေါက်*

တံခါးခေါက်သံလေး ဆုံးတော့ ဝင်လာသည့် ထယ်။ ကြည့်ရတာ အခုမှ ရေချိုးပြီးခါစဖြစ်မယ် ထယ်သုံးနေကြ ရနံ့လေးက သင်းလို့နေသည်။

တံခါးလေးကို သေချာပိတ်ကာဖြင့် သူ့နားကိုလျှောက်လာသည့်ကောင်လေး။

' မင်းအားလားဟင်.. '

မျက်ဝန်းနက်နက်လေးတွေနဲ့ ထယ်ကမော့ကြည့်ကာပင် မေးလာသည်။

ခေါင်းညိတ်လိုက်တော့ ကျနော့်လည်ပင်းကို သိုင်းဖက်ကာဖြင့် ပေါင်ပေါ်တက်ထိုင်လာသည့် ထယ်။

ဒီတိုင်း ပေါင်ပေါ်ခွထိုင်ကာဖြင့် ဖက်ထားသည့် ထယ့်ကြောင့် ဂျွန်ပြုံးလိုက်မိသည်။

ဒီကောင်‌လေး ဒီလောက်ရှင်းပြထားတာတောင် ဝမ်းနည်းနေတုန်း..

ကျောပြင်လေးကို ပုတ်လေးလိုက်ရင်း တင်းတင်းကြပ်ကြပ်လေးသာ ပြန်ဖက်ထားလိုက်သည်။

' ကိုယ့်ကောင်လေးက ဘာတွေစိတ်မကောင်းဖြစ်နေတာလဲ ဟမ်.. '

ပါးလေးကို ဖိနမ်းရင်း မေးလိုက်တော့ မျက်ရည်လေးတွေ ဝေ့ကာဖြင့် သူ့အင်္ကျီစလေးတွေကို ဆုပ်ကိုင်ရင်း မော့ကြည့်လို့လာသည်။

' ဒီတိုင်းခဏအိပ်နေလို့ရမလား မင်းရင်ခွင်ထဲမှာလေ '

အားမရှိသည့်နှယ် ညိုးနွမ်းနေသည့် မျက်နှာလေးကြောင့် ဂျွန်ပွေ့ဖက်ကာပင် ဆံပင်လေးတွေကို ထိတွေ့ပေးမိတော့ ချက်ချင်းအိပ်ပျော်သွားသည့် ထယ်။

နှစ်ခြိုက်စွာပင် အိပ်ပျော်နေသည့် ထယ့်မျက်နှာလေးကို ကြည့်ကာဖြင့် သူမျက်မှောင်တွေက တွန့်ချိုးလျက်။

ဘာလို့မျက်ကွင်းတွေညိုနေပြီး အားမရှိသလို ဖြစ်နေရတာလဲ ထယ်..

အနည်းငယ် ဖြူဖျော့သည့် နှုတ်ခမ်းပါးတွေကို ကြည့်မိတော့ သူဆုံးဖြတ်လိုက်မိသည်က ထယ်နိုးလာတဲ့အခါ ဆေးခန်းကိုခေါ်သွားရမည်လို့ပင်..။

ရုံးမှာတုန်းကလည်း အိပ်နေသလို ကားပေါ်မှာလည်း အိပ်လိုက်လာသည်။ အခုလည်း သူ့ကိုယ်ပေါ်မှာ အိပ်လို့နေသည်။

CLOVER - Volume 2 {Completed}Where stories live. Discover now