🍀50.Clover

3.5K 394 36
                                    

Unicode

' မင်းကငြင်းတာလား.. '

' မင်းလောက်တုံးအတဲ့သူရှိမှာမဟုတ်တော့ဘူး '

မျက်စောင်းလေးနဲ့ပြောလာသည့် ထယ့်ခေါင်းလေးကို ပုတ်ကာ သူဆိုဖာပေါ်မှ ထလာခဲ့သည်။

ခြေသံစိပ်စိပ်လေး။ ကျနော့်နောက်ကိုလိုက်လာပြန်သည့် ထယ်။

ဗီရိုထဲက ထုတ်လိုက်သည့် Oreo Cookie ထုပ်။ မုန့်မြင်တာနဲ့ သူ့နားကို ကပ်လာသည့် ထယ်က ခပ်သွက်သွက်ပင် မုန့်တစ်ခုကို လှမ်းယူသည်။

' အဲ့ဒါဘာလုပ်မလို့လဲဟင် '

' ရေခဲကွက်ကီး။ '

သူပြောလိုက်တော့ ခေါင်းလေးညိတ်ကာ ထမင်းစားပွဲပေါ် တက်ထိုင်ရင်း မုန့်ကိုသာ ဆက်စားလို့နေသည်။

Cookie ရဲ့အလည်က ခရင်မ်ကို ဖယ်ထုတ်လိုက်ပြီး Blender ထဲထည့်လိုက်သည်။ ရေခဲနဲ့နွားနို့ကိုပါ ရောထည့်လိုက်ပြီး Blender ကိုဖွင့်လိုက်သည်။

ထယ်ကတော့ မုန့်ကိုသာ စားနေဆဲ။ စက္ကန့်ပိုင်းလောက်ကြာတော့ သူခလုတ်ကို ပိတ်လိုက်သည်။ ရေခဲကွက်ကီးကို ဇွန်းလေးနဲ့ ခပ်ပြီးမြည်းကြည့်လိုက်တော့ ထယ့်မျက်လုံးလေးတွေက ကျနော့်နှုတ်ခမ်းတွေဆီမှာ။

ဖန်ခွက်ရှည်ထဲ လောင်းထည့်လိုက်ရင်း လက်သွယ်သွယ်လေးထဲ ထည့်ပေးလိုက်တော့ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ သူ့ကိုကြည့်ရင်း တစ်ငုံသောက်သည်။

' အင်းးးး။ ဂျွန် ဂျွန်.. '

အရသာတွေ့ပုံဖြင့် သူ့ကိုပြုံးရင်း သူ့နာမည်ကို ထအော်သည်။

' ကြိုက်လား။ များများသောက် '

ကွက်ကီးအစိတ်လေးတွေကို ဝါးရင်းသဘောတကျသောက်နေသည့် ထယ်။

ထယ်ဟျောင်းထိုင်နေသည့် စားပွဲပေါ် လက်နှစ်ဖက်ထောက်ထားရင်း ပြုံးပျော်နေသည့် ချစ်သူကောင်လေးရဲ့ မျက်နှာလေးကိုသာ ငေးကြည့်ရင်း ပြုံးနေသည့် ဂျွန်။

' မင်းရောသောက်လေ။ ရော့ '

တစ်ဝက်လောက်ကျိုးတော့ သူ့ကိုပေးသည်။ နှုတ်ခမ်းပေါ်မှာ ပေကျန်နေသည့် နွားနို့ရည်တွေကို လက်မဖြင့် ဖိသုတ်ပေးလိုက်ရင်း ထယ့်လက်ထဲက ဖန်ခွက်ကို စားပွဲပေါ် ချလိုက်သည်။

CLOVER - Volume 2 {Completed}Where stories live. Discover now