🍀33.Clover

2.7K 347 46
                                    

Unicode

' သားလေး မင်းပါပါးရော '

အခန်းထဲက လွယ်အိတ်လေးနဲ့ ထွက်လာသည့် ကွန်လေးဟာ မင့်အမေးကို မျက်နှာလေး ညိုးကာဖြင့် ဖြေလာသည်။

' ပါးကနေမကောင်းဘူးတဲ့ '

ထပ်ပြီးတော့လား..

' ကျောင်းကိုဦးပဲလိုက်ပို့မယ် ခဏလေးစောင့်နေနော် '

မင့်စကားကို ကွန်လေးဟာ မျက်မှန်လေးကို ပင့်တင်ရင်း ခေါင်းလေးညိတ်ရင်းဖြင့် ဧည့်ခန်းမှာသာ ထိုင်လို့စောင့်နေသည်။

ပိတ်မထားသည့် အခန်းတံခါးကို အသာလေး တွန်းဖွင့်ကာပင် ဝင်သွားလိုက်တော့ စောင်ပုံထဲမှာ လှဲနေသည့် ဂျီမင်း။

မင်ကုတင်ရဲ့ အစွန်းနားလေးကို သွားထိုင်လိုက်ရင်း နဖူးလေးပေါ် လက်တင်ကာဖြင့် ကိုယ်ပူချိန် တိုင်းလိုက်သည်။

ကိုယ်ပူတာမျိုးလည်း မရှိပါဘူး။

' ဘာဖြစ်လို့လဲ ခေါင်းကိုက်နေတာလား '

သူ့လက်ကောက်ဝတ်ကို ကိုင်ကာဖြင့် သွေးခုန်နှုန်းကိုပါ လိုက်စမ်းနေသည့် မင့်လက်ထဲက သူရုန်းထွက်လိုက်သည်။

အကိုက လိမ်တယ်။

' အင်း။ ခေါင်းကိုက်နေလို့ သားကိုကျောင်းလိုက်ပို့ပေးနိုင်မလား '

သူ့စကားကို မင်ကတစ်ချက်လေးမှ မစဉ်းစား ခေါင်းတန်းညိတ်သည်။

အကို့မျက်လုံးတွေက သူ့ကိုကြည့်ကာဖြင့် မနက်စာ ပြင်ဆင်ထားကြောင်းနဲ့ ဆေးသောက်ဖို့ကို တဖွဖွ မှာနေသည်။ ဆေးရုံက အကို့ပုံရိပ်လိုပဲ။

မနေ့ညက သူအိမ်မှာပျင်းနေတာနဲ့ ကွန်လေးကို အိမ်မှာ ခဏထားကာပင် အကို့ဆီကို လိုက်လာခဲ့သည်။ မိုးတွေကလည်း ရွာနေတာမို့ သူထီးလေး စောင်းကာဖြင့် လမ်းထိပ်က မှတ်တိုင်မှာ ဘတ်စ်ကို စောင့်နေမိသည်။

ပုခုံးပေါ်က ထီးလေးကို လှည့်စောင်းကာဖြင့် သူမိုးစက်လေးတွေကို ဆော့ကစားနေလိုက်သည်။ ကျွီခနဲ ရပ်သွားသည့် ဘတ်စ်ကိုမြင်တော့ ပြေးတက်လိုက်ရင်း လွတ်တဲ့နေရာမှာ ဝင်ထိုင်လိုက်သည်။

CLOVER - Volume 2 {Completed}Where stories live. Discover now