🍀36.Clover

2.8K 381 90
                                    

Unicode

စက္ကန့်သံတွေဟာ ကျယ်လောင်လျက်။ မျက်ဝန်းနက်တွေက အဖြေကို စောင့်ဆိုင်းသည်။

မျက်ခုံးနက်နက်လေးတွေ။ ဖြောင်းစင်းနေသည့် နှာတံ။ ဆွဲဆောင်မှုရှိတဲ့ နှာတံဖျားမှ မှဲ့နက်နက်။ အပြုံးတွေဖြစ်တည်သည့် နှုတ်ခမ်းပါး။

ဘယ်အရာမှ မတည်မြဲဘူးတဲ့ ငါတို့နှစ်ယောက်လည်း အဲ့လိုပဲလား...

လှပလွန်းတဲ့ အရာတွေကို မျက်ကွယ်ပြုရင်း အဆိပ်ငွေ့ကိုသာ တစိုက်မတ်မတ် ရှူရှိုက်သည်။

မီးခိုရောင် အငွေ့တွေက တရွေ့ရွေ့နဲ့ ဖြတ်တိုက်လေတော့ မျက်ဝန်းအိမ်မှာ မျက်ရည်များ တည်သည်။

' ဆောင်းက ကြင်နာတတ်တဲ့ မိန်းကလေးတစ်ယောက်မို့လို့ နည်းနည်းလောက်တော့ စိတ်ယိုင်ခဲ့မိတယ်။ '

မချစ်ခဲ့ဘူး ဆိုတဲ့ အငြင်းတစ်ခုက မင်းကိုဆွဲထားနိုင်လိမ့်မယ်လို့ လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်အထိ တွေးခဲ့တယ်။ ဆွဲထားတော့ရော.. ငါတို့ပျော်ရွှင်ရမှာလား..

သံသယရှိဖူးတဲ့ မင်းကအချိန်မရွေး ငါ့အပေါ်သံသယရှိနေမှာ..

အချိန်ယူကြည့်လို့ မေ့မရဘူးဆိုရင်တော့ ငါ့ဆီကိုပြန်လာခဲ့ပေါ့။

' ဒါကြောင့် သားကိုမင်းက သည်းသည်းလှုပ်နေတာပေါ့ '

' ငါပြန်တော့မယ် မင်းလည်းနားတော့ '

ကြမ်းပြင်မှာ ကစားနေတဲ့ ဒုံဟွာလေးကို ထခိုင်းကာဖြင့် အနွေးထည်လေးကို ဝတ်ပေးသည့် ဂျွန်။

' သားလေး။ ဦးဦးကိုနှုတ်ဆက်လိုက်အုန်း '

ဂျွန်က ထယ့်ရှေ့ကို တွန်းပို့လိုက်တော့ ဒုံဟွာလေးဟာ ထယ်နားကို ပြေးသွားကာဖြင့် ဖက်သည်။ စကားတွေလည်း ပြောနေသေးတာ။

နောက်ဆုံးထယ်ဟာ ဒုံဟွာလေးရဲ့ နဖူးလေးကို တစ်ချက်နမ်းလိုက်ကာဖြင့် ပွေ့ဖက်သည့် ထယ်။

တိတ်ဆိတ်သွားသည့် အခန်းဝယ် ခြောက်ကပ်လျက် ဆိုဖာလေးမှာသာ ကုတ်ကုတ်လေး လှဲနေလိုက်သည်။

စိတ်ယိုင်ခဲ့မိတယ်..

ပဲ့တင်သံလို ထိုစကား...

CLOVER - Volume 2 {Completed}Where stories live. Discover now