🍀29.Clover

2.7K 364 76
                                    

Unicode

' ပြန်ရအောင် ဂျွန်။ မင်းကြည့်ရတာ အေးနေပုံပဲ '

ပါးပြင်တွေကို အုပ်ကိုင်ကာဆိုလာတဲ့ မျက်ဝန်းနက်လေးတွေ..

' အင်း။ '

တဖွဲဖွဲရွာနေသည့် မိုးက အိမ်ပြန်ရောက်တော့ ပိုလို့ပင် သည်းလာတော့သည်။ တစ်လမ်းလုံး တိတ်ဆိတ်ကာဖြင့် သူ့ကိုစကားမပြောသည့် ဂျွန်က ပြန်ရောက်ရောက်ချင်း အခန်းထဲကို ဝင်သွားတာကြောင့် သူလည်း ရေချိုးကာပင် အဝတ်အစားလဲပြီး ဂျွန့်အခန်းထဲကို ဝင်လာလိုက်သည်။

မှောင်နေသည့် အခန်းကြောင့် နံရံပေါ်က မီးခလုတ်ကို ဖွင့်လိုက်တော့ သူ့မျက်ခုံးတွေ
ပင့်တက်သွားရသည်။ အိပ်ယာပေါ်မှာ ရေစိုအဝတ်တွေနဲ့ပင် လှဲအိပ်နေတာ။

' ဂျွန်။ မင်းဖျားလိမ့်မယ် '

ပုခုံးကိုကိုင်ကာပင် ပြောတော့ အနည်းငယ် ဖြူနေသည့် နှုတ်ခမ်းတွေက ပြုံးသည်။

' ငါအိပ်ချင်နေပြီ '

' မအိပ်ရဘူး။ မင်းဖျားလိမ့်မယ် ဂျွန်။ အခုထ ရေချိုးရမယ် '

မျက်လုံးတွေကို မှိတ်ကာဖြင့် ပေကပ်ကပ် လုပ်နေတဲ့ ဂျွန့်ကိုမထူလိုက်တော့ ဖွင့်လာသည့် ဂျွန့်မျက်လုံးတွေက ရဲနေတုန်း..

ငေးကြည့်နေစဉ်မှာပဲ ဂျွန်က သူ့လက်တွေကို အသာလေး အုပ်ကိုင်ရင်း ခပ်ဖွဖွ နမ်းသည်။

' ငါမှားခဲ့တာလား ထယ်။ '

အရည်ကြည်လဲ့နေသည့် မျက်ဝန်းအိမ်မှ စီးကျလာသည့် မျက်ရည်များ

သူတို့၏ လာရာလမ်းသည်.. ရင်ထဲက ဖြစ်သည်။

ချစ်ခြင်းတရားတွေကို ကန့်သတ်မထားတဲ့ ငါနဲ့ ချစ်ခြင်းတရားတွေကို အတ္တနဲ့ကန့်သတ်ထားတဲ့ မင်း..

အခုချိန်မှာ အမှန်တရားတွေကို ငါထုတ်မပြောချင်သေးဘူး။

မင်းမှာရှိတဲ့ အတ္တတွေကို ဖျောက်ပစ်ဖို့အတွက် အချိန်လိုအပ်မယ်ဆို ကြိုက်သလောက်ယူပါထယ်။ ဒါပေမဲ့ အရမ်းတော့ မကြာစေနဲ့ပေါ့။

ခံယူချက်ချင်းသာ တူညီနေမယ်ဆိုရင် ခေတ်အဆက်ဆက်က သမိုင်းတိုင်းက လှပနေမှာပေါ့..

CLOVER - Volume 2 {Completed}Where stories live. Discover now