🍀30.Clover

3.2K 382 24
                                    

Unicode

' ဆရာဟိုမှာ Boss '

LV တစ်ယောက် စကားပြောနေရင်းမှ ဘေးက လုံခြုံရေးတစ်ယောက်ရဲ့ အသိပေးသံကြောင့် သူစကားစကို ဖြတ်လိုက်သည်။

' မင်းတို့သွားကြတော့ '

အားလုံးထွက်သွားတော့ ယူဆော့ကိုပြန်ကြည့်လိုက်သည်။

ဒန်းလေးမှာ ထိုင်နေကာဖြင့် သူ့ပေါင်ပေါ်မှာလဲ ခွေးလေးတစ်ကောင်ကလည်း ရှိနေသေးတာ။ ဘယ်ကရောက်လာမှန်း မသိသည့် ခွေးလေးကို ချစ်နေသည့် ယူဆော့ကို ကြည့်ကာပင် သူအံဩရပါသည်။

ဘယ်တုန်းကများ တိရိစ္ဆာန်လေးတွေကို ချစ်တတ်သွားသည်လဲ..။

အသာလေး ယူဆော့နားကိုသွားတော့ ကိုယ်လေးက အနည်းငယ် ကျုံ့သွားသေးတာ။

' ငါပါ ဆွန်း။ '

သက်ပြင်းချလိုက်သည့် ယူဆော့က ခွေးလေးကိုသာ ပွတ်သပ်လို့နေသည်။

' ကိုယ့်ကိုစိတ်ဆိုးနေတုန်းပဲလား '

' မင်းဘယ်လိုဖြစ်နေတာလဲ '

လက်တွေကို အုပ်ကိုင်လိုက်တော့ အသာလေး ရုန်းထွက်ကာဖြင့် ခပ်တိုးတိုး ရေရွတ်သည်။ ဆွန်းအသာလေး ပြုံးလိုက်ရင်း ယူဆော့ပါးလေးကို နမ်းလိုက်သည်။

' မင်း ! '

' ဟားး စတာပါကွာ။ လာကိုယ်ဘာမှမလုပ်တော့ဘူး '

ထိုင်ရမှထကာဖြင့် တစ်နေရာရာကို ထပြေးဖို့လုပ်သည့် ယူဆော့။

လက်ထဲက ခွေးလေးကိုလည်း ရင်ခွင်ထဲမှာ ပိုက်လို့ထားသေးတာ။

ပြေးဖို့လုပ်နေတာကြောင့် ဆွန်းက ယူဆော့ လက်ကောက်ဝတ်လေးကို ကိုင်ကာပင် ပြောလိုက်တော့ မျက်နှာကို တစ်ဖက်လွှဲကာဖြင့် ခြိမ်းခြောက်သေးတာ။

' ငါမျက်လုံးတွေသာ ပြန်မြင်ရလို့ကတော့ မင်းသေပြီပဲ ဆွန်း '

စိတ်မဆိုးပဲ ဒီတိုင်းလေး ကျိန်ဆဲနေတာကိုက သူ့အတွက် မျှော်လင့်ချက်လေးလို့သာ ဆွန်း သတ်မှတ်မိသည်။

' မင်းမျက်လုံးတွေသာပြန်မြင်ရရင် သူ့ကိုသွားတွေ့မှာလား '

CLOVER - Volume 2 {Completed}Where stories live. Discover now