🍀27.Clover

2.9K 379 75
                                    

Unicode

ပြတင်းပေါက်တွေကို အကုန်ပိတ်ထားတာကြောင့် အလင်းရောင်ဆိုသည်မှာ မီးအိမ်လေးမှ ပေးဆောင်သည့် အလင်းဖျော့ဖျော့သာ ရှိသည်။

ဝေဝါးနေသည့် အမြင်အာရုံကြောင့် ကိုယ်ကိုအနည်းငယ် လှုပ်ရှားကြည့်တော့ ခါးပေါ်က ခပ်လေးလေး အရာ..

ကြည့်လိုက်တော့ တက်တူးအပြည့်နှင့် လက်တစ်စုံ။

အသာလေး ပြုံးလိုက်ရင်း အနောက်ကို ဖြေးဖြေးချင်း လှည့်ကြည့်လိုက်တော့ နှစ်ခြိုက်စွာပင် အိပ်ပျော်နေသည့် ဂျွန်။

မျက်လုံးပေါ် ကျနေသည့် ဆံပင်နက်နက်လေးတွေကို အသာလေး ဖယ်ပေးလိုက်ရင်း နဖူးလေးကို ဖွဖွလေး နမ်းလိုက်သည်။

ငေးကြည့်မိတော့ ဝေ့ဝဲလာတဲ့ မျက်ရည်တွေကို ငါမုန်းလိုက်တာ ဂျွန်..

မနက်ခင်းတိုင်းမှာရော အမက မင်းကို ငါ့လိုလေးကြည့်နေလေမလား..

မျက်ထောင့်မှ မျက်ရည်စတွေက စီးကျနေပေမယ့်လည်း ဂျွန့်မျက်နှာလေးကို လက်ညိုးလေးတွေဖြင့် ထိတွေ့ကာဖြင့် သဘောကျနေသေးတာ..

နှုတ်ခမ်းပါးလေးဆီ တိတ်တိတ်လေး တိုးလို့သွားရင်း မျက်လုံးတွေကို မှိတ်ချကာပင် အသာလေး ဖိကပ် နမ်းလိုက်သည်။

နောက်တော့ ရင်ခွင်ကျယ်ထဲ ဝင်လိုက်ကာဖြင့် ဂျွန့်လက်တွေကို သူ့ခါးပေါ်တင်ပေးလိုက်သည်။

မင်းရှိနေရင်ရပြီ..
အတိတ်က အရေးမကြီးဘူး လို့
တွေးယူချင်ပေမယ့်လည်း

ငါကလူကောင်းမဟုတ်ပြန်ဘူး...။

' ထယ်..ထတော့လေ '

ပုခုံးကို လှုပ်နိုးလာသည့် လက်တစ်စုံကြောင့် သူ့မျက်လုံးတွေ ပွင့်လာခဲ့သည်။

အပြုံးတွေနဲ့ ဂျွန့်မျက်နှာလေးက ကြည်လင်လို့..

ကုတင်ပေါ်ထောက်ထားသည့် ဂျွန့်လက်ချောင်းလေးတွေကိုသာ တို့ထိရင်း နေနေမိသည်။

' ထတော့ မိုးချုပ်နေပြီ.. သားတောင်အိပ်သွားပြီ။ '

ဂျွန့်စကားကြောင့် သူပြုံးလိုက်ရင်း အားယူကာပင် ထထိုင်လိုက်သည်။

CLOVER - Volume 2 {Completed}Where stories live. Discover now