🍀46.Clover

2.7K 372 72
                                    

Unicode

ဂျွန့်အတွက် လိုအပ်တာတွေ ထွက်ဝယ်ပြီး ပြန်လာတော့ ဂျွန်က လူနာခန်းမှာ ရှိမနေ။

ထယ်ဟျောင်း လက်ထဲက အိတ်ကို စားပွဲပေါ်တင်လိုက်ရင်း အပြင်ကို ပြန်ထွက်လာခဲ့သည်။ ဟိုဟိုဒီဒီ လိုက်ရှာမိတော့ စိတ်ကျန်းမာရေးဌာနရှေ့မှာ ငုတ်တုတ်လေးထိုင်နေသည့် ဂျွန်။

ထိုင်ခုံပေါ်မှာမဟုတ်ဘဲ ကြမ်းပြင်အေးအေးပေါ်မှာ ခြေဗလာဖြင့် ထိုင်နေသည့် ဂျွန်။

ထယ်ဟျောင်း အမြန်ပင် ဂျွန့်ဆီကို ပြေးသွားလိုက်သည်။ ဒူးထောက်ချလိုက်ရင်း ဂျွန့်ပုခုံးတွေကို ကိုင်လိုက်သည်။

' ဒီမှာဘာလို့ထိုင်နေတာလဲ.. '

စိုးရိမ်စိတ်နဲ့တင်ကို ထယ်ဟျောင်းဟာ လောင်မြိုင်လို့နေပါပြီ။ ဒါကို မော့ကြည့်လာသည့် မျက်ဝန်းထဲမှ မျက်ရည်အိုင်ကို မြင်ရချိန် ထယ်ဟျောင်း တုန်လှုပ်သွားတော့သည်။ နီရဲနေသည့် မျက်ဝန်းတွေဟာ ဘယ်လောက်တောင် ငိုထားလည်း သိသာလွန်းသည်။

သူ့ကိုတစ်ခုခုပြောဖို့အားယူရင်း ငေးလို့ကြည့်သည်။

အောင့်တက်သွားသည့် နှလုံးသားတွေဟာ ပြိုလဲနေသည့် ဂျွန့်မျက်နှာကြောင့်။

ပြောလာမည့် စကားတွေကို စောင့်ဆိုင်းမိတော့ ဂျွန်မျက်လုံးတွေက ဟိုဟိုဒီဒီကြည့်ရင်း သူ့လက်နားက အင်္ကျီစကို ဆုပ်ကိုင်လာသည်။

' ဒီနေရာကို ငါလာဖူးတယ် ထယ်.. ဒီဌာနကိုငါလာဖူးတယ်.. ဓာတ်ပုံထဲက မိန်းကလေးက‌ရော ဘယ်သူလဲဟင်.. သူကငါ့အိပ်မက်ထဲမှာ သေသွားတဲ့ မိန်းကလေးနဲ့တူနေတယ်.. သူမနာမည်က ဆောင်းတဲ့ .. '

တစ်ခွန်းချင်း စကားတွေကို အားယူပြောနေသည့် ဂျွန်။ စီးကျသည့် ဂျွန့်ပါးပြင်ပေါ်က မျက်ရည်တွေကို လက်ဖြင့် အသာအယာ သုတ်ပေးလိုက်ရင်း ကြိုးစားပြီး ပြုံးလိုက်သည်။

ခက်ခဲစွာပင် ပြုံးပြလိုက်သည့် ကျနော့်အပြုံးကိုတော့ ဂျွန်ဟာ သေချာလေး ငေးလို့ကြည့်နေပါသည်။

' ဟုတ်တယ်။ သူကမင်းရဲ့အမျိုးသမီး.. '

မင်းမှတ်မိသွားပြီပဲ..
သူမတစ်ယောက်ကိုပဲလား ဂျွန်..

CLOVER - Volume 2 {Completed}Where stories live. Discover now