🍀21.Clover

2.9K 385 39
                                    

Unicode

' ကျနော်လုပ်ထားတာလှလည်းမလှဘူး '

ကိုင်ထားတဲ့ စက္ကူရုပ်လေးကို လွှင့်ပစ်လိုက်ပြီး နှုတ်ခမ်းလေး ဆူကာပင် ပြောလာသည့်
ဒုံဟွာလေးကို ကြည့်ကာပင် ကွန်လေး ပြုံးလိုက်သည်။

' စိတ်တော့ရှည်ရမှာပေါ့ ဒုံဟွာရဲ့ '

ဆံပင်နက်နက်လေးတွေကို ဖွကာဖြင့် ပြောလိုက်သော်လည်း မျက်နှာလေးဟာ အလိုမကျသေးပုံ။

' ကိုကိုထပ်ပြမယ်။ သေချာမှတ်ထား ဟုတ်ပြီလား '

' ခက်တယ်လို့ လုပ်ချင်တော့ဘူး '

မျက်နှာကို တစ်ဖက်လှည့်ကာဖြင့် ပြောလာသည့် ဒုံဟွာလေး လက်သေးသေးလေးတွေကို ဆွဲယူလိုက်ရင်း စက္ကူတွေပေါ် တင်ပေးလိုက်သည်။

' မရဘူး။ လွယ်လွယ်နဲ့လက်မလျော့ရဘူး '

လူကြီးလူကောင်းဆန်စွာပင် ဆုံးမလာသည့် ကိုကို့ကြောင့် သူကြိုးစားပြီး ကြိုးကြာရုပ်လေးကို ခေါက်မယ်လို့ ဆုံးဖြတ်လိုက်သည်။

လက်သေးသေးလေးတွေပေါ် အုပ်ကိုင်လာသည့် ခပ်သွယ်သွယ် လက်ချောင်းလေးတွေ။

' လှလည်းမလှဘူး။ '

ပထမဆုံး အောင်မြင်သွားသည့် ကြိုးကြာရုပ်လေးကို ကိုင်ကာြဖင့် အလိုမကျနေသော ဒုံဟွာလေးကိုသာ သူပြုံးလျက် ကြည့်နေလိုက်သည်။

' သားရေ..ကွန်လေး '

ဂျီမင်းရဲ့ခေါ်သံလေးကြောင့် ကွန်လေးဟာ ဂျီမင်းရှိရာကို လှမ်းကြည့်လေသည်။ ဘေးမှာလည်း မင်ကရှိလို့ နေသည်မို့ ကွန်လေးဟာ အပြေးလေးပင် မင့်ဆီကို ပြေးဖက်တော့သည်။

' ဦးဦးရောလိုက်လာတယ်? '

ကွန်လေးစကားကြောင့် ဂျီမင်းပြုံးလိုက်မိသည်။

အကို့ကိုသာ ခေါ်လာမယ်ဆို သားလေးက သိပ်ကိုပျော်သွားမယ်ကို သိနေတာကြောင့် မရရတဲ့ နည်းနဲ့ခေါ်လာခဲ့ရသည်။

အခုလည်းကြည့် သူ့ထပ် အကို့ဆီကို အရင်ဆုံးပြေးသည်လေ။

' အင်း။ မင်းပါပါးက မလိုက်မချင်း နားပူအောင်လုပ်နေမှာကို သိလို့လိုက်လာတာ '

CLOVER - Volume 2 {Completed}Where stories live. Discover now