🍀EXTRA 4🍀

4.6K 358 39
                                    

Unicode

ဒီနေ့က မင်တို့ဆွစ်စလမ်ကို ပြောင်းမည်နေ့ဖြစ်သည်။ ဉာဏ်ကောင်းသည့် မင်ဟာ ငယ်တုန်း ဟိုမှာလည်း ဘွဲ့တစ်ခုလောက် လိုချင်သည်တဲ့ ကွန်လေးကိုလည်း ဟိုမှာပဲ ကျောင်းထားချင်သည်ဆိုတာကြောင့် မိသားစုလိုက် ပြောင်းရခြင်းပင်။

ခရီးဆောင်အိတ်ကို ဆွဲကာဖြင့် လေယာဉ်ချိန်စောင့်နေသည့် မင်တို့နဲ့အတူ စကားပြောနေသည့် ထယ်နဲ့ဂျွန်။ ကလေးနှစ်ယောက်ကတော့...

' ကိုကို။ ကျနော့်ကို သတိရနေနော်။ '

သွယ်လျလျ လက်လေးတွေကို ဆုပ်ကိုင်ရင်း မျက်ရည်လေး စမ်းတိစမ်းတမ်းနှင့် ပြောနေသည့် ဒုံဟွာလေးကို ကွန်ပြုံးလျက်သာ ကြည့်နေမိသည်။

အကြောင်းကတော့ ဒီစကားကို ဒီကလေးပြောနေခဲ့သည်မှာ မရေတွက်နိုင်တော့ပေ။ သူလည်းဖြေရပေါင်း မနည်းတော့။

ဆံပင်အုပ်အုပ်လေးတွေကို လက်ချောင်းလေးတွေနဲ့ အသာဆော့ကစားရင်း ခေါင်းလေး ညိတ်လိုက်သည်။ ဒုံဟွာလေးဟာ သူ့ခေါက်ထားတဲ့ ကြိုးကြာရုပ်လေးတွေကိုလည်း ပေးလာသေးတာ။

' ကိုကို ဒါလေးကို သိမ်းထားနော်။ '

လက်သေးသေးလေးတွေထဲက ကြိုးကြာရုပ်လေး လေးငါးရုပ်လောက်ကို လက်ခုပ်ထဲထည့်ကာ ယူလိုက်သည်။

' သားရေသွားရအောင်လေ.. '

လေယာဉ်ချိန် နီးနေပြီမို့ လှမ်းခေါ်သည့် ဦးအသံကြောင့် ကွန်လေးဟာ ဒုံဟွာလေးကို ပွေ့ဖက်လိုက်ရင်း ပါးဖောင်းဖောင်းလေးကို အသာနမ်းလိုက်သည်။

' ကိုကိုသွားပြီနော်.. လိမ်လိမ်မာမာ နေရမယ်နော် မငိုရဘူးနော် '

မှာစရာရှိတာကို မှာနေသည့် ကွန်လေးနဲ့ ခေါင်းလေးကိုသာ ညိတ်နေပြီး မျက်ရည်လေးတွေကို ထိန်းနေသည့် ဒုံဟွာလေး။

နောက်ဆုံးတော့ ကောင်းကင်ယံ ပျံ့သန်းသွားသည့် လေယာဉ်ပျံကြီးကိုသာ ငေးကြည့်ရင်း နှုတ်ဆက်ခဲ့ရသည်။

' ပြန်ရအောင် သား.. '

ဂျွန်ဟာ ဒုံဟွာလေး လက်ကိုဆွဲကာပင် နောက်တစ်ဖက်က ထယ့်ခါးတွေကို သိုင်းချိတ်ထားလျက် အိမ်ကိုသာ ပြန်လာခဲ့သည်။

CLOVER - Volume 2 {Completed}Where stories live. Discover now