🍀49.Clover

3K 380 41
                                    

Unicode

' ထတော့ သားရေ..။ ထတော့ကွာ.. '

အိပ်ပုတ်လေးဟာ မနှိုးမချင်း မထသေး။

ဖင်လုံးလုံးလေးကိုပုတ်ရင်း နှိုးလိုက်တော့ မျက်လုံးလေးကို လက်ဖောင်းဖောင်းလေးတွေနဲ့ပွတ်ရင်း ထလာသည်။

နောက်လက်မောင်းရင်းကနေ မချီလိုက်ရင်း ရေချိုးခန်းထဲခေါ်သွားကာ ကိုယ်လက်သန့်စင်ပေးရသည်။

မနက်စာကို ပူတင်းလေး ကျွေးတော့ အားရပါးရပင် စားသည်။

' ဂျွန်။ ဆေးရုံက ဆင်းလို့ရပြီတဲ့။ အန်တီတို့လည်း ရောက်လာပြီ။ '

ထယ့်စကားကြောင့် သူအမေတို့ကို ကြည့်လိုက်သည်။

' ဂျွန်လေး။ ပြန်မှတ်မိလာပြီပဲ.. ကျေးဇူးပါကွယ်.. '

မျက်ရည်တွေဖြင့်‌ ပြောလာသည့် အမေ့ကို သူပွေ့ဖက်လိုက်တော့ အဖေကပါ သူ့ပုခုံးတွေကို ဆုပ်ကိုင်လာသည်။

သိပ်မကြာ သူ့ပေါင်ကိုလာဖက်သည့် ကလေးလေးကြောင့် ငုံ့ကြည့်လိုက်တော့ ဒုံဟွာလေးက သူ့ပေါင်တစ်ဖက်ကို လက်သေးသေးလေးနှစ်ဖက်ဖြင့် ဖက်ထားတာ။

' သားရောလေ..ဟီးး '

ဂျွန်နှစ်ခြိုက်စွာ ပြုံးလိုက်ရင်း သားလေးရဲ့ ပါးဖောင်းဖောင်းလေး နှစ်ဖက်ကို မွှေးလိုက်သည်။‌ နောက်သူ့ဘေးနားမှာ အမြဲရှိပေးနေသည့် ထယ့်ကိုယ်လေးကိုပါ ပွေ့ဖက်လိုက်ရင်း နဖူးလေးကို နမ်းလိုက်သည်။

' ဂျွန်။ '

သူ့လက်မောင်းကို အသာလေးပုတ်ကာ တားသည့် ထယ်က မိဘတွေရှိလို့ ရှက်နေသည်ထင် အသာလေး ပြုံးရင်း မျက်နှာလေးကို ငုံ့ထားသည်။

ဖေဖေနဲ့မေမေကတော့ သူတို့နှစ်ယောက်ကို ပြုံးလို့ကြည့်နေသည်။

' မေမေ။ ကျနော့်ကို တစ်ခုလောက်ကူညီ '

ထိုစကားရဲ့နောက်ဆက်တွဲကတော့..

ခြံရှေ့က ကိုကို့အသံ။

' ဒုံဟွာရေ.. ဂျွန်ဒုံဟွာ.. '

ကြားကြားချင်းမှာတင် အိမ်ပေါ်က ပြေးဆင်းလာသည့် ဒုံဟွာလေး။

CLOVER - Volume 2 {Completed}Where stories live. Discover now