🍀42.Clover

2.8K 383 68
                                    

Unicode

တစ်ပတ်မြောက်နေ့။

ဆေးပိုက်နဲ့ အားဆေးအိတ်ကို ယူကာပင် ခပ်သုတ်သုတ် လျှောက်လာသည့် ထယ်ဟျောင်း။ နဖူးပေါ်က ဆံပင်တချို့ကို လေဖြင့်တစ်ချက် မှုတ်ထုတ်လိုက်ရင်း ဓာတ်လှေကားထဲ ဝင်လိုက်သည်။

သွယ်လျသည့် လက်ချောင်းလေးတွေဟာ အပေါ်ဆုံးထပ်ကို ရွေးနှိပ်လိုက်ရင်း စောင့်နေလိုက်သည်။ နှုတ်ခမ်းလွှာလေးတွေဟာ ခုံးလျက် ဓာတ်လှေကားရဲ့ အတွင်းကျကျ နေရာလေးမှာ မှီရပ်လို့နေသည်။

အဝါရောင်ဆေးရည်ရှိ ဆေးအိတ်တွေကို ငေးကြည့်ရင်း သူခေါင်းလေးကို ငုံ့လိုက်မိသည်။

ပြီးတော့ သက်ပြင်း ခပ်ဖွဖွလေး ချသည်။

ဂျွန်သတိရမလာသေးတာ ဒီနေ့နဲ့ဆို ၁လနဲ့ ၁၄ ရက်။

ဆရာဝန်ကို မေးတော့လည်း အခြေအနေကောင်းပါတယ်လို့သာ ဖြေရှင်းပြီး ဘာစကားမှ ထပ်ပြောမလာ။

တစ်ယောက်ထဲ စီးလာသည့် ဓာတ်လှေကားရဲ့ တံခါးချပ်တွေဟာ အပေါ်ဆုံးထပ်ရောက်တော့ ဖြေးဖြေးချင်း ပွင့်လို့လာသည်။

ကွင်းထိုးဖိနပ် အညိုရောင်လေးဟာ အခန်းနံပါတ် 801 ကိုရောက်တော့ ရပ်တန့်လို့သွားသည်။ တွန်းတံခါးလေးကို ဖွင့်ရင်း ဝင်သွားလိုက်သည်။

မီးကိုအလင်းလျော့ကာ သူဆေးပစ္စည်းတွေကို ဂျွန်အိပ်နေသည့် ကုတင်ဘေးမှ စားပွဲလေးပေါ် တင်လိုက်သည်။

ညဘက်ပေမို့ အအေးဓာတ်က ပိုလို့နေသည်။ မျက်ဝန်းနက်နက်လေးတွေဟာ အိပ်စက်နေတဲ့ ဂျွန့်ကို ငေးကြည့်ကာဖြင့် ပြုံးလိုက်သည်။ သူသဘောကျရတဲ့ ဂျွန့်လက်လေးတွေကို အုပ်ကိုင်လိုက်တော့ အနည်းငယ် အေးလို့နေသည်။

ဂျွန်ကအေးနေတာဖြစ်မယ်..

အနွေးဓာတ်ကို မြှင့်ယူလိုက်ရင်း သူဂျွန့်နားလေးမှာ ထိုင်နေလိုက်သည်။

နဖူးပေါ် လက်လေးတင်ကာဖြင့် စမ်းကြည့်လိုက်တော့ ကိုယ်ပူနေတာမျိုးမရှိ။ ဘာရယ်မဟုတ် ဆရာဝန်က ကိုယ်အပူချိန်ကို စမ်းစမ်းပေးပါဆိုလို့ ထယ်ဟျောင်းဟာ သတိရတိုင်း ဂျွန့်နဖူးလေးကို သွားသွားကိုင်မိသည်။

CLOVER - Volume 2 {Completed}Where stories live. Discover now