🍀52.1.Clover

3K 384 30
                                    

Unicode

အချိန်ကား ညကိုးနာရီ။ လင်းထိန် မနေသည့် ဧည့်ခန်းဟာ သူမြင်ရရုံလောက်သာ အလင်းရောင် ရှိလို့နေသည်။ စက္ကန့်တံရဲ့အသံ တစ်ဖျပ်ဖျပ်ဟာ ဧည့်ခန်းကျယ်မှာ ကျယ်လောင်လို့။

နာရီကို ငေးကြည့်နေသည့် ထယ်ဟျောင်း၏ မျက်ဝန်းနက်နက်လေးတွေ။ ဖုန်းမျက်နှာပြင်ကို ကြည့်လိုက် နာရီကိုကြည့်လိုက်နဲ့ ထယ်ဟျောင်း စိတ်တွေက ပူလောင်နေသည်။

ဂျွန်ကို သူဒေါသထွက်နေတာ။ စားသောက်ဆိုင်မှာ သူ့ကို တစ်ယောက်ထဲ ထားခဲ့တဲ့ ဂျွန်က ဖုန်းဆက်တော့လည်း မကိုင်ပြန်။

ဖုန်းခေါ်နေသည်မှာ သုံးလေးခါရှိနေပြီ။ ဒါကိုတစ်ခါမှ မကိုင်သေး။ တွေးရင်းနဲ့ပင် ဂျွန့်ကို သူဒေါသထွက်လို့မဆုံး။ တက်စီနဲ့တစ်ယောက်ထဲ ပြန်လာရသည့် သူ့ကို ဂျွန်က နည်းနည်းလေးမှ စိတ်ပူပုံ မပေါ်။

ဒေါသထွက်စွာပင် ဆောင့်ဆောင့်အောင့်အောင့်ဖြင့် ရေခဲသေတ္တာနားကို လျှောက်သွားလိုက်သည်။ တံခါးကို ဖွင့်လိုက်ရင်း ကိုလာဘူးကို ဖွင့်ဖောက် သောက်လိုက်သည်အထိ သူ့ဒေါသက
မပြေသေး။

လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း မျက်လုံးတွေကို မှိတ်ချလိုက်သည်။

စိတ်ကိုအတတ်နိုင်ဆုံး ထိန်းလိုက်သည်။ ဂျွန်က ကိစ္စတစ်ခုခု ရှိလို့နေမှာပါ။

အတွေးနဲ့တင် စိတ်ကနည်းနည်း သက်သာလို့လာသည်။ နားထဲဝင်လာသည့် နံပါတ်နှိပ်သံ တတီတီ။

ခြေလှမ်းသွက်သွက်ဖြင့် တံခါးဝနားကို လျှောက်သွားမိတော့ ဂျွန်က ပြန်ရောက်လို့နေပြီ။ သူဂျွန့်အနားကို လျှောက်သွားမိတော့ သူ့ကိုငေးကြည့်လာသည့် နီရဲရဲ မျက်ဝန်းနဲ့အတူ ယမကာရနံ့တချို့။

ဂျွန်က မြင်မြင်ချင်းမှာတင် သူ့လက်ကောက်ဝတ်ကို ဆွဲရင်း အခန်းထဲကို ဆွဲခေါ်သည်။ တံခါးကို လော့ချလိုက်ပြီးနောက် သူ့ကို လှည့်ကြည့်လာသည်။

ဆွဲခေါ်လာသည်မို့ ဖိတ်စင်ကုန်သည့် ကိုလာတွေကို သုတ်ချရင်း ဂျွန့်ကိုကြည့်လိုက်တော့ တစ်လှမ်းချင်း သူ့နားကို လျှောက်လာရင်း ပွေ့ဖက်သည်။

CLOVER - Volume 2 {Completed}Where stories live. Discover now