🍀18.Clover

3K 413 98
                                    

Unicode

ခေါ်တုန်းကခေါ်ပြီး ဘာမှလဲမဟုတ် စာပြန်ရေးဖို့ကိုသာ လာတိုက်တွန်းနေတာကြောင့်
သူခေါင်းကိုသာ ခါကာဖြင့် အကြိမ်ကြိမ် ငြင်းပြီး ရုံးခန်းထဲကို ပြန်လာခဲ့သည်။

စာပြန်ရေးဖို့ဆိုတာ သူ့အတွက်ခက်ခဲနေသေးတယ်။

ရပ်နားလိုက်ဖို့လည်း ခက်ခဲပြီး ပြန်လည်စဖို့ဆိုတာကလည်း ခက်ခဲရပြန်တယ်။

' ထယ်ရော.. '

ဆူပုတ်ပုတ်ဖြင့် ကြည့်လာသည့် ဂျီယွန်း။

ဘာဖြစ်တာလဲ မေးလိုက်တော့ ခေါင်းခါကာဖြင့် အလုပ်မလုပ်ဘဲ အပြင်ကိုသာ ပြေးထွက်သွားသည်တဲ့လေ..။

လူကိုစိတ်ပူအောင်ကွာ..

ဂျီယွန်းစကားကြောင့် ဂျွန်သက်ပြင်းတစ်ချက်ချလိုက်သည်။

' အကိုရော ထွက်သွားမယ် မကြံနဲ့နော် ကျနော်နှစ်ယောက်စာတော့ မလုပ်နိုင်ဘူး။ ပြောပြီးပြီ '

ဂျီယွန်းစကားကြောင့် ရွေ့တော့မယ် ခြေလှမ်းတွေက ရပ်တန့်လျက် စားပွဲမှာသာ ထိုင်နေလိုက်သည်။ ဖုန်းခေါ်ကြည့်သော်လည်း မကိုင်တာကြောင့် ရင်မှာပူနေရပြီ။

ဖုန်းကိုမကိုင်ပြန်ဘူးထယ်..

ဆံပင်တွေကို ထိုးဖွလိုက်ရင်း တွေးမိတော့ ကောင်လေးမျက်နှာ..

သူမြင်လိုက်ပါတယ်။
သူ့အကြည့်တွေကို ရှောင်နေတဲ့ ကောင်လေးရဲ့မျက်ဝန်းတွေ..

' ကိုယ်သွားမှဖြစ်မယ် ဂျီယွန်း။ တောင်းပန်ပါတယ် '

ကုတ်အင်္ကျီကို ယူကာဖြင့် ပြေးထွက်သွားသည့် ဂျွန်။

' အေး သွားကြ သွားကြ.. '

****

ဘတ်စ်လည်း မစီးချင်တာကြောင့် ဟိုဟိုဒီဒီ လမ်းလျှောက်နေသည့် ထယ်ဟျောင်း။ ကောင်းကင်ကြီးကို မော့ကြည့်လိုက်တော့ ကြည်လင်နေသည်မို့ သူပြုံးလိုက်မိသည်။

ကိုင်ထားသည့် ဖုန်းလေးက မြည်လာတာကြောင့် ကြည့်လိုက်တော့ ဂျွန်..။

ဆက်နေတာ ခဏခဏဖြစ်နေပြီမို့ မနေနိုင်တဲ့အဆုံး ကိုင်လိုက်တော့ လေသံအေးအေးလေး

CLOVER - Volume 2 {Completed}Where stories live. Discover now